Wednesday, October 2, 2013

ကင်မရာ တစ်လုံးရှိပြီ ဘာ Lens ဝယ်ရမလဲ.....Credit to= Soe Zeya Tun/Myo Thet Swe

ကင်မရာ တစ်လုံးရှိပြီ ဘာ Lens ဝယ်ရမလဲ........

ဒါကလဲ လူမေးအများဆုံး မေးခွန်းတစ်ခုပါ.... ဓာတ်ပုံသမား ကျွန်တော် အပါဝင် အကုန်လုံးက ဓာတ်ပုံ ရိုက်တတ်ခါစမှာ ဘာကိုလိုချင်သလဲဆိုတော့ တယ်လီ အကြီးကြီးတွေ wide အကြီးကြီးတွေ လိုချင်ကြပါတယ်....... ဘာဖြစ်လို့ဆိုတော့... အဲဒါကြီးတွေနဲ့ ရိုက်ရင် ဓာတ်ပုံ ကောင်းကောင်းတွေ အများကြီးရမှာပဲလို့ တွေးမိလို့ပါ...

တကယ်တော့ အဲလို ဟုတ်ရဲ့လား.....
ဟုတ်တယ်မဟုတ်ဘူးဆိုတာ ဓာတ်ပုံ ရိုက်မဲ့လူ စိတ်ဝင်စားတဲ့ လိုင်းနဲ့ သက်ဆိုင်သွားပါတယ်...

ဘာကြောင့် တယ်လီလိုချင်တာလဲ....
မှန်ဘီလူကြီးအကြီးအရှည်ကြီးဝယ်ထားရင် အဝေးကြီးကို လှမ်းရိုက်လို့ရမယ်.... အဲဒီအတွက်ကြောင်း တယ်လီကို လိုချင်ကြတယ်.......... တကယ်တမ်း ကိုယ်ရိုက်မဲ့ဓာတ်ပုံ အားလုံးဟာ အဝေးကြီးကနေ ရိုက်ဖို့ တကယ်လိုအပ်ရဲ့လား... ငှက်ရိုက်မယ် တောထဲက ကျားတွေရိုက်မယ်ဆိုရင်တော့ ဟုတ်မှာပေါ့... သူတို့နားကို ကပ်လို့ မရဘူးလေ အဝေးကြီးကနေ တယ်လီ အရှည်ကြီးနဲ့ လှမ်းဆွဲပြီး ရိုက်ရတယ်...

ဘောလုံးပွဲရိုက်ရင် တစ်ခြားတစ်ဖက်ခြမ်းမှာ ကန်နေတဲ့ ဘောလုံးသမားကို တယ်လီအရှည်နဲ့ လှမ်းရိုက်မှာပဲ ရတယ်... အဲဒီအတွက် တယ်လီ အရှည်ကြီးတွေ လိုတယ်... ဥပမာ 300 mm လို 400 MM လို 600mm လိုပြောင်းကြီးတွေပေါ့....

ဘာကြောင့် wide လိုချင်တာလဲ....

Wide ရဲ့ ထူးခြားချက်က သာမှန်မျက်လုံးနဲ့ မမြင်နိုင်တဲ့ ရှုဒေါင့်ကို ပေးပါတယ်... အရမ်းကပ်နေပေမယ့် ပြဲပြဲကားကားကြီး မြင်ကွင်းတစ်ခုလုံးကို မြင်နေရတာမျိုးပေါ့... အဲဒီအချိန်မှာ ကိုယ်က ကင်မရာနဲ့ အကျွမ်းမဝင်သေးတဲ့ အချိန်လဲ ဖြစ်ဦးမယ်ဆိုရင်... ကိုယ်မမြင်ဖူးတဲ့ angle ကနေ မြင်ရတဲ့ အရုပ်ကို မြင်တဲ့ အခါမှာ အရမ်း အံသြသြောပြီး အရမ်းကောင်းတာပဲလို့ ခံစားကြတယ်.....

ထားပါ အပေါ်ကဟာတော့ ဖောရှောရေးထားပေါ့... အဲလိုပဲ သဘောထားလဲ ရသလို မှတ်ထားလဲ ရတယ် အရေးမကြီးပါဘူး... အခုအရေးကြီးတာကို ပြောပါမယ်...

အရေးကြီးတာက... ဓာတ်ပုံရိုက်တာ သိပ်မကြာသေးခင်မှာ ဟိုဟာ ဝယ်ချင်တယ် ဒီဟာဝယ်ချင်တယ်... အဲဒါတွေ အကုန်လုံးကို ဝယ်နိုင်လောက်အောင် ပိုက်ဆံ သိပ်ပေါနေရင်တော့ ဝယ်လိုက်ပါြ
ပသနာမရှိပါဘူး...

ဒါပေမယ့် ကိုယ့်ဘာဂျက်ကို ချိန်ပြီးဝယ်ရမယ်ဆိုရင် ကျွန်တော် အကြံပေးချင်တာကတော့ အရင်ဆုံး ကိုယ့်မှာရှိတဲ့ standard lends သို့မဟုတ် kid lens နဲ့ အရင်ဆုံးရိုက်ကြည့်ပါ...

ကိုယ့်လက်ထဲမှာရှိတာ 18- 55 f 3.5 to 5.6 ဖြစ်နေပါစေဦး အဲဒီ lens နဲ့ လန်ထွက်နေအောင် ရိုက်လို့ရတဲ့ ပတ်ဝန်းကျင်မှာ အများကြီးရှိပါတယ်.. ဒါပေမယ့် 18-55 ဖြစ်န်ေတော့ အရမ်း wide တဲ့ပုံတွေလည်း ရိုက်လို့မရသလို အရမ်းဝေးတဲ့နေရာက အရာဝတ္ထုတွေကိုလည်း ရိုက်လို့မရဘူးပေါ့ဗျာ... ဒါပေမယ့် လောကမှာ 18 55 နဲ့ ရိုက်လို့ရတဲ့ ပုံတွေ အများကြီးရှိနေပါတယ်... ဒါတွေကို အရင် ရအောင်ရိုက်ပါ... အဲဒါတွေကို အမိအရဖမ်းပါ... ..

အဲလို ရိုက်နေရင်းကနေ သုံးလလောက်အကြာမှာ သုံးလဆိုတာ နေ့တိုင်း ဓာတ်ပုံရိုက်တဲ့ ရက်ကိုးဆယ် ရိုက်ရက်သားကို ပြောတာနော်... တော်ကြာနေ ကင်မရာဝယ် ဘုရားစဉ်မှာ သိမ်းထားပြီး သုံးလပြည့်ပြီ ပြောနေမှာစိုးလို့.... အဲဒီလို သုံးလလောက် ကြာလာတဲ့အခါမှာ ကိုယ်က ဘာအားသန်တယ်ဆိုတာ သိလာလိမ့်မယ်... ပြီးတော့ ကိုယ်က ဘယ်လို အရုပ်လေးတွေ ရိုက်ချင်တယ်ဆိုတာ သိလာလိမ့်မယ်...

ဥပမာ subject လေးကို sharp ဖြစ်ပြီး အနောက်က ဝါးနေချင်တာလား သစ်ပင်ပေါ်က ငှက်တွေကို ရိုက်ချင်တာလား... အဲလို တစ်ဖြည်းဖြည်းချင်း သိလာတဲ့အခါကျရင် ဘယ်သူ့ကိုမှ သွားပြီး အကြံဥာဏ်တောင်းနေဖို့ မလိုတော့ပါဘူး ကိုယ်လိုတာ ကိုယ့်အတွက် အပ်စပ်မဲ့ မှန်ဘီလူးတစ်လုံးကို ကိုယ်တတ်နိုင်တဲ့ ဘားဂျက် နဲ့ ချိန်ပြီး ဝယ်လိုက်ရုံပါပဲ...

စိုးဇေယျထွန်း
— with Aye Mya Ohn Khine.