Wednesday, September 25, 2013

#ပြတ်သားသော ဓာတ်ပုံ တစ်ပုံရရန် အချက်(၁၀)ချက်... Credit to Zaw Min Latt

##ပြတ်သားသော ဓာတ်ပုံ တစ်ပုံရရန် အချက်(၁၀)ချက်
#ပုံကောင်း တစ်ပုံရရှိဖိုဆိုတာ ဘယ်လောက် ကြိုးစားသလဲ၊ ဘယ်လောက် ဂဂုစိုက်ပြီးရိုက် ကူးသလဲ၊ ဘယ်လောက် စည်းကမ်းတွေကို လိုက်နာ သလဲဆိုတာ မူတည်ပါတယ်..။ပိုမိုကောင်း မွန်တဲ. ဓာတ်ပုံ တွေရရှိဖို. ရိုးရှင်းတဲ. အချက်လေးတွေကို လေ.လာကြည်.ရအောင်...။။
#1- Shutter Speed မြန်မြန်နဲ. ရိုက်မယ်
ဓာတ်ပုံတပုံရဲ. အသက်က ကြည်လင်ပြတ်သားခြင်း လို.ပြောနေကြတဲ.အချိန်မှာ သင်အကြိုက် ဆုံး ပုံတစ်ပုံမှာ လှုပ်ရှား မှုကြောင်. ၀ါးနေတယ်ဆိုရင် စိတ်ညစ်နေရမှာလား။ လှုပ်ရှား မှုမှာ အရာဝတ္တုရဲ. လှုပ်ရှားမှုနဲ. ကင်မရာကိုင် လက်ရဲ. လှုပ်ရှားမှု နှစ်ခု ကြောင်.၀ါးနိုင်ပါတယ်။ လက်ရဲ. လှုပ်ရှားမှုကိုလျော.ချနိုင်ဖိုဆိုရင် အကြမ်းဖျင်းအားဖြင်. shutter speed က အနည်းဆုံး 1/focal length ရှိဖို.လိုအပ်ပါတယ်။ ဥပမာ focal length 50mmဆိုလျှင် shutter speed 1/50 sec လိုပါတယ်...။ ဒါက full frame ကင်မရာအတွက် ဆိုလိုတာပါ။ အကယ်လို. Crop frame ကင်မရာတွေ အတွက်ဆိုရင် 1/80 secလောက်လိုပါတယ်။ လက်ကိုငြိမ်ငြိမ် ကိုင်မနိုင်ရိုက်ဘူး ဆိုရင် brust mode နဲ.များများရိုက်ပြီး အပြတ်သားဆုံကိုပြန်ရွှေးလို.ရနိုင် ပါတယ်။
ရိုက်လိုတဲ. Subject က လှုပ်ရှားနေတာဆိုရင်တော. အဲဒီလှုပ်ရှားမှုနဲ. ကိုက်ညီအောင် shutter speed ကိုမြင်.တင်ပေးရပါမယ်။ ပျံသန်းနေတဲ. ဌက်တွေရဲ. လှုပ်ရှားမှု တောင်ပံခတ်တာကို အမအရ ရိုက်ချင်တယ်ဆိုရင် 1/500 ကနေ 1/1000 အထိ shutter speed ကိုမြှင်.တင်ပေးရမှာဖြစ်ပါတယ်။
#Tripod ကို အသုံးပြုပါ။
Shutter speed ကိုလည် တင်ဖို. မဖြစ်နိုင်၊ ပုံရိပ်တွေလည်း ပြတ်သားဖိုလိုတယ် ဆိုရင် Tripod လို. ခေါ်တဲ. သုံးချောင်းထောက်ကို အသုံးပြုသင်.ပါတယ်။ ထရိုင်ပေါ. ကကင်မရာကိုတည်ငြိမ်စေ ရုံတင်မက မညီမညာဖြစ်တဲ. မြေပြင်တွေမှာပါ ကင်မရာကို ကိုယ်ကြိုက်တဲ. အနေအထားရအောင် ချိန်ညှိနိုင်ပါတယ်။ကင်မရာအလေးချိန်နဲ. အနေအထားပေါ်လိုက်လို. သင်.လျော်တဲ. ထရိုင်ပေါ. ကိုရွှေးချယ်တတ်ဖိုလိုပါတယ်။
#3- ဆုံချက်ကိုပြတ်သားအောင်ချိန်ပါ။
ဆုံချက် ဒါမှမဟုတ် Focus ကိုပြတ်သားအောင်ချိန်ဖို.နည်းလမ်း၂မျိုါ်ရှိပါတယ်။ အလိုအလျောက် ချိန်ညှိခြင်းနှင်. ကိုယ်တိုင်ချိန်ညှိခြင်းတို.ဖြစ်ပါတယ်။ ကိုယ်တိုင်ချိန်ညှိခြင်း (manual focusing) မှာ ချောင်းကြည်ပေါက်ကနေ ကြည်.ပြီး ချိန်ညှိနိုင်သလို LCDမျက်နှာပြင်ကနေ Live view mode မှာ Zoomဆွဲပြီး ချိန်နိုင်ပါတယ်။ Focus points တွေကို တစ်ပွိုင်.ခြင် ရွှေးချယ်ခြင်း အားဖြင်. ကိုယ်လိုချင်တဲ. subject ကိုအပြတ်သားဆုံးဖြစ်စေသလို Depth of field ကိုလည်း ထိန်းချုပ်နိုင်ပါတယ်။ သက်ရှိတွေကိုရိုက်တဲ. အခါ မျက်လုံးကို အဓိကပြတ်သားအောင် ချိန်ညှိသင်. ပါတယ်။ မျက်လုံးက ပုံရဲ. အားကောင်းဆုံးနေရာဖြစ်ပြီး မျက်လုံးပြတ်သားခြင်းအားဖြင်. ကြည်.ပျော် ဖွယ် ဓာတ်ပုံလေးဖြစ်လာပါတယ်။
#4-မှန်ဘီးလူးကောင်းပါစေ။
မှန်ဘီလူးကောင်းလေ ဓာတ်ပုံကောင်းလေဆိုတဲ. ဆိုရိုးစကားရှိပါတယ်။ Canon Cameras ရဲ. N Lens တွေ၊Nikon ရဲ. N Lens ၊ Zeiss ရဲ. T*Lens တွေက ဓာတ်ဆရာတွေရဲ. အိပ်မက်တွေ ပါ။ kit Lens နဲ. ကျင်.သားရလာပြီးဆိုရင် မှန်ဘီလူးကောင်းကောင်း တစ်လုံးလောက်တော. အဆင်.မြှင်.သင်.ပါတယ်။။ ဈေးကြီးလို.မ၀ယ်ချင်ဘူးလား။ဒါဆိုရင်တော. First Prime Lens လို.ခေါ်တဲ. Aperture ကျယ်ကျယ် ဆုံတာအသေ( fixed focal length) မှန်ဘီးလူးတွေကိုစဉ်းစားသင်.ပါတယ်။ $150 ပတ်ချာလည်လောက်ရှိတဲ. 50mm 1/1.8 လေးနဲ. ရိုက်လို. ထွက်လာတဲ. ပုံရဲ. အရည်အသွေးကို သင်သဘောကျမှာပါ။။
#5-မှန်ဘီလူးကို သန်.ရှင်းအောင်ထားပါ။
ဘယ်လောက်ကောင်းတဲ. မှန်ဘီလူးဖြစ်ပါစေ ညစ်ပတ်နေရင်တော.ပုံကောင်းရမှာ မဟုတ်ပါဘူး။ မရိုက်ခင်နဲ. ရိုက်ပြီးသိမ်းတိုင်းမှာ သန်.ရှင်းရေးကို အမြဲလုပ်သင်.ပါတယ်။ Lens cloth, Lens Paper, Lens Pen တွေကို အမြဲဆောင်ထားသင်.ပါတယ်။ရေစက်ရေပေါက် တွေကလည်း focus ဖြတ်တဲ.အခါ အနှောက်အယှက်ဖြစ်စေပါတယ်။
##6-Image Stabilzation ကို အသုံးပြုပါ
အပေါ်မှာပြောခဲ.သလို ပုံရိပ်ပြတ်သားဖို. အနည်းဆုံး shutter speed က1/focal length ဖြစ်တဲ.အတွက် ၄င်းထက်လျှော.ရိုက်ဖို လိုအပ်တဲ.အခါ ပုံရိပ်တည်ငြိမ်မှုစနစ်(IS) ကိုအသုံးပြုဖို လိုအပ်ပါတယ်...။ပြောင်ပြန်အနေနဲ. ထရိုင်ပေါ်တင်ရိုက်ရင်တော. မလိုလားအပ်တဲ. အာနိသင် တွေဖြစ်မလာအောင် (IS) ကိုပိတ်ထားသင်.ပါတယ်။
#7-ISO အနည်းဆုံး အသုံးပြုပါ။
ISO ကိုကင်မရာမှာ အနည်းဆုံး ပါတဲ. 100-200အတွင်းမှာ ထားရိုက်ခြင်းဖြင်.ပုံရိပ်ရဲ.ပြတ်သားမှုကို ပိုကောင်းစေမှာဖြစ်ပါတယ်။ကင်မရာတစ်လုံနဲ.တစ်လုံး ISO နိုင်နင်းပုံခြင်းမတူပါဘူး။မလိုလားအပ်ဘဲ ISOကိုတင်လိုက်ရင် Noise တွေဝင်လာနိုင်ပါတယ.်။။ ဒီနေရာမှာ တစ်ခုပြောလိုတာက Shutter speed လိုအပ်တဲ. အချိန်မျိုးဆိုရင် ISO ကိုတင်ရိုက်နိုင်ပါတယ်။။Noise တွေပုံနဲ.မပြတ်သားတဲ. ပုံထက်တော. ပိုပြီး အသုံးဝင်ပါတယ်။
#8-မှန်ဘီလူးရဲ. Sweet point ကိုရှာဖွေပါ
မှန်ဘီလူးတိုင်းမှာ အပြတ်သားဆုံး အနေအထားကို aperture တစ်ခုမှာရတတ်ပါတယ်။ မှန်ဘီလူး တစ်လုံးနဲ.တစ်လုံး မတူနိုင်ပေးမဲ. ယေဘုယျ အားဖြင်. F/8 ကနေ F/11 အတွင်းမှာဖြစ်နိုင် ပါတယ်။ ထရိုင်ပေါ.နဲ.ထောက်ပြီး မြင်ကွင်းတစ်ခုတည်းကို F တစ်ခုချင်းဆီ နဲ. ရိုက်ကြည်ပြီး နှိုင်းယှဉ်ကြည်.ပါ။ F ကိုမှတ်ထားပြီး တတ်နိုင်သမျှ ၄င်းနှင်.ရိုက်ပါ။
#9- အလင်းရောင်ကိုအသုံးပြုပါ။
အလင်းရောင်ပိုရလေ ဖိုးကပ်စ် တိတိကျကျ ဖြတ်နိုင်လေ ပုံရိပ်ပြတ်သားဖို. လွယ်ကူလေ ဖြစ် ပါတယ်။နေ. အလင်းရောင် မရနိုင် ဘူးဆိုရင်တောင်မှ နံရံဒါမှမဟုတ် မျက်နှာကြက်ကနေ အလင်းရောင်ပြန်အောင် မီးပေးပြီး ကိယ်ရိုက်ချင်တဲ. Subjectအပ်ါကို သဘာဝကျကျ အလင်း သက်ရောက်စေပြီး ပုံရိပ်ကို ပိုမိုပြတ်သားစေနိုင်ပါတယ်။နေ ဒါမှမဟုတ် အလင်းပင်ရင်းနဲ.မျက်နှာချင်း ဆိုင် ရိုက်ရပြီ ဆိုလျှင်လည်း Subject ကို အလင်းဖြည်.(Fill Light ) ထည်.ဖို.လိုအပ်ပါတယ်။
##10- RAW ဖိုင်ဖြင်.ရိုက်ပါ။
DSLRတွေ Mirrorless တွေရဲ. အားသာချက်ဖြစ်တဲ. RAW နဲ.ရိုက်ကူးနိုင်ခြင်း ကို အပြည်.အ၀ အသုံးချသင်.ပါတယ်။ RAW File တွေမှာ အချက်အလက်များစွာ ပါဝင်တာကြောင်. ပုံကို ထိန်းချူပ် မှု ပိုရတတ်ပါတယ်။အတိမ်းအစောင်းလည်းခံနိုင်ပါတယ်။ အနုစိတ် ပြုပြင်မှုက ပုံကိုလှပစေပေးမဲ. အလွန်အကျွံ ပြင်ရင်တော. မူရင်းအရသာကိုပျက်စီးနိုင် ပါတယ်............။။
မှ---------------လင်းရိပ်(We focus)

Tuesday, September 17, 2013

Maung Maung Gyi's share

iStock_000017254373Medium
I am a member of ASMP (the American Society of Media Photographers).  They recently sent a useful update about a change to Facebook’s Terms of Service.  The use of social media is always a balance between effective promotion and sacrificing your rights as an image maker.
ASMP advises strongly evaluating the new changes:
The new Facebook Terms of Use have been modified to allow the company to sell virtually anything that is uploaded to the service, including all your photos, your identity and your data. Facebook has also explicitly removed the privacy protection from the commercialization rights. This means that any photos uploaded to Facebook may be sold, distributed or otherwise commercialized with no compensation to the photographer.
Here’s a summary of the changes that ASMP has tracked. Here’s the most important language. (Strikethrough indicates language that is being removed. Bold text is used to indicate the new additions.)
You can use your privacy settings to limit how your name and profile picture may be associated with commercial, sponsored, or related content (such as a brand you like) served or enhanced by us. You give us permission to use your name, and profile picture, content, and information in connection with commercial, sponsored, or related that content (such as a brand you like) served or enhanced by us, subject to the limits you placeThis means, for example, that you permit a business or other entity to pay us to display your name and/or profile picture with your content or information, without any compensation to you. If you have selected a specific audience for your content or information, we will respect your choice when we use it.
 UMM… WOW!
If you wish to provide feedback to the company, you can contact them here.
ASMP says it will continue to pressure Facebook to modify the terms of use to be more favorable to photographers.
Click here to go to a Q&A on this subject.

Thursday, September 12, 2013

Zaw Min Latt #အထူး ဓာတ်ပုံရိုက် အရာဝတ္တုများ

#Special Subjects
သင်၏အိမ်မွေး သတ္တ၀ါများကို ဓာတ်ပုံရိုက်ခြင်း
Photographing You Pets
အိမ်မွေးသတ္တ၀ါများကို ဓာတ်ပုံရိုက်သည်. အခါ သတ္တ၀ါ၏စိတ်ဝင်စားမှုကို ဆွဲဆောင်နိုင်ရန် သင်.အတွက် ကူညီသူတစ်ယောက်ရှိနေရန် လိုအပ်ပါမည်ဖြစ်ပြီး သတ္တ၀ါ၏အမည်ကို ခေါ်ခြင်း သို. မဟုတ် သတ္တ၀ါစားရန် အ၇သာ ရှိသော အစားအစာ အနည်းငယ်ကျွေးခြင်း ဆိုသည်တို. အနက် သင်. ကြိုက်နှစ်သက်ရာနည်းကို ကျင်.သုံးနိုင်ပါသည်။
#သင်၏အိမ်မွေးသတ္တ၀ါသည် ကစားနေခြင်းတွင် နစ်မြောနေစဉ် ဓာတ်ပုံရိုက်ခြင်းဖြင်. ထိုသတ္တ၀ါ၏ အမူအကျင်. ကိုဖမ်းယူနိုင်ပါလိမ်.မည်။
#ကြောင်များသည် ပန်းခြံထဲတွင် လျှောက်သွားရသည်ကို ကြိုက်နှစ်သက်တတ်ပါသည်။ ပုံရိပ် ပြတ် သားမှုကို သင်ကြိုတင်ချိန်ရွယ်ထားပါက အိမ်၏ပြတင်းပေါက် ဘောင်မှ ခြံစည်းရိုးပေါ်သို. လှမ်းခုန်ခြင်းမျိုါ် ဓာတ်ပုံကိုရရှိနိုင်ပါလိမ်.မည်။
#အနီးကပ် ရိုက်ချက်များကို ရိုက်မည်ဆိုပါက သင်.အိမ်မွေးသတ္တ၀ါ၏ မျက်စိများနှင်. နားရွက်များသည် သန်.ရှင်းနေသည်ကို ဓာတ်ပုံမရိုက်မီ ကြိုတင်စစ်ဆေးသင်.ပါသည်။
#အိမ်မွေးသတ္တ၀ါ နှင်. ပိုင်ရှင်တို.အကြား ချစ်ခင်ရင်းနှီးမှု မြင်တွေ.ရခြင်းသည် မြင်သူအား ထူးခြား သော စိတ်ဝင်စားမှုကို ဖြစ်စေပါသည်။
#ငိုက်မြည်းနေသောကြောင်(Cat Snap)
ကြောင်များသည် အကျင်.ဖြစ်တတ်သော သတ္တ၀ါများ ဖြစ်ကြပါသည်။ သင်၏ကြောင်သည် ပန်းခြံ အတွင်း သူကြိုက်နှစ်သက်သော နေသာအကွက်တွင် ငိုက်နေပုံကို အမိအရ ဓာတ်ပုံရိုက် ထားနိုင် ပါလိမ်.မည်။
#ကြိုက်နှစ်သက်သော အစားအစာ( Favourite Toy)
သင်နှစ်သက်သော သတ္တ၀ါကို ၄င်းကြိုက်နှစ်သက်သော ကစားစရာဖြင်. ဆွဲဆောင် ထားခြင်းသည် ကောင်းသော အကြံဥာဏ် ဖြစ်ပြီး စိုပြည်သောအရောင် ဖြည်.စွက်ပေးရာလည်းသဘောဆောင် ပါသည်။
#သတ္တ၀ါများ၏ မျက်စိ အနိမ်.အဆင်.မှ ဓာတ်ပုံရိုက်ခြင်း(Eye Level Tip )
အိမ်မွေးသတ္တ၀ါများကို သူတို.ပျှော်မွေ.နေထိုင်သည်. နိမ်.သောနေရာအထိ ဓာတ်ပုံကင်မရာကို နိမ်.ပြီး ဓာတ်ပုံရိုက်ခြင်းသည် ပိုမို စိတ်ဝင်စားစရာကောင်းမွန်ပါသည်။ တိရစ္ဆာန်ကလေးများကို လေးဘက်ထောက် အနေအထားနီးပါး ကင်မရာကို နှိမ်.ချပြီး ဓာတ်ပုံရိုက်ကြည်.ပါ။ သို.မဟုတ် သက်တောင်.သက်သာ ဖြစ်စေမည် စားပွဲပေါ်တွင် တင်ပြီး ဓာတ်ပုံရိုက်နိုင်ပါသည်။
မှ-တက္ကသိုလ်စိုးဝင်း

Tuesday, September 10, 2013

ဓာတ်ပုံဆရာနှင့် အဆင့်(၇)ဆင့် (ကျော်နန္ဒ) သဘာဝမြန်မာဓာတ်ပုံမဂ္ဂဇင်း (အတွဲ ၁၊ အမှတ် ၁၊ သြဂုတ်၊ ၂၀၁၂)မှCredit to (ကျော်နန္ဒ) and Steed Boy New

ဓာတ်ပုံဆရာနှင့် အဆင့်(၇)ဆင့် (ကျော်နန္ဒ) သဘာဝမြန်မာဓာတ်ပုံမဂ္ဂဇင်း (အတွဲ ၁၊ အမှတ် ၁၊ သြဂုတ်၊ ၂၀၁၂)မှ

September 9, 2013 at 2:20pm
ဓာတ်ပုံဆရာ ဒါမှမဟုတ် ဖိုတိုဂရပ်ဖာ ဘယ်လိုပဲခေါ်ခေါ် ကင်မရာကိုင်ပြီး တစ်ချပ်ချပ် တစ်ဖျပ်ဖျပ် ရိုက်တတ်ကြတဲ့ လူတန်းစားတစ်ရပ်ကို အဆင့်ခွဲခြားသတ်မှတ်မယ်ဆိုရင် အောက်ပါအတိုင်း ခုနစ်ဆင့် ရနိုင်ပါမယ်။

အွန်လိုင်း ဂုရုများ။ ။အဆင့် သုည

ဒီအဆင့်မှာရှိတဲ့ လူတွေဟာ ဓာတ်ပုံကို မယ်မယ်ရရ မရိုက်ကြတဲ့အတွက် ဓာတ်ပုံဆရာဆိုတဲ့ အဆင့်ထဲတောင် ထည့်ဖို့ရာ အံမ၀င်ပါ။ ဒီလူတန်းစားဟာ အင်တာနက်ဆိုတာ မပေါ်ခင်က မရှိခဲ့ပါဘူး။ အတော်များများဟာလဲ အမျိုးသားများ ဖြစ်နေတတ်ပါတယ်။ ယောက်ျားလေးတို့ ထုံးစံအတိုင်း မော် တော်ကား၊ ဆိုင်ကယ်၊ သေနတ်၊ ဒုံးပျံ စတဲ့ နည်းပညာနဲ့ ဆက်စပ်တာတွေကို စိတ်ဝင်စားတတ်ကြပါတယ်။ အဲဒီလိုပဲ သူတို့ ဟာ ဖိုတိုဂရပ်ဖီနဲ့ ပတ်သက်တဲ့ အင်တာနက်စာမျက်နှာတွေ၊ ဖိုရမ်တွေကို ၀င်ကြည့်တတ်ကြတယ်။ ကင်မရာအသစ်တစ်ခု ထွက်ရင် အွန်လိုင်းရီဗျုးတွေ၊ စမ်းသပ်ချက်တွေ လိုက်ရှာဖတ်တတ် ကြတယ်။ နောက်ဆုံးထွက် ဘယ်ကင်မရာက ရီဇော်လူးရှင်းက ဘယ်လောက်ရှိပြီး အိုင်အက်စ်အိုက ဘယ်လိုကောင်းတာ၊ ဘယ်မှန်ဘီလူးနဲ့ ဘယ်မှန်ဘီလူးမှာ ဘယ်ဟာက ပြတ်သားမှု ကောင်းတယ်။ ဘယ်ကင်မရာနဲ့ ဘယ်ကင်မရာဆိုရင် စကင်းတုန်းက ဘယ်ဟာကပိုကောင်းတယ် အစရှိသဖြင့် ဖတ်ထားမှတ်ထားတာတွေနဲ့ ဓာတ်ပုံလောကသားတွေတောင် ပါးစပ် အဟောင်းသားနဲ့ နားထောင်ရလောက်အောင် ဝေဖန်လေကန်တတ်ကြပါတယ်။ဒါပေမယ့်သူတို့ပြောနေတဲ့ ကင်မရာတွေ မှန်ဘီလူးတွေကို လက်တွေ့ဘ၀မှာ တစ်ခါမှကိုင်တွယ်ဖူးခြင်း မရှိကြပါဘူး။ ဒီလိုဖတ်မှတ်ပြီး ပြောနေရရင်ပဲ ဖိုတိုဂရပ်ဖာ လူရာဝင်ပြီလို့ ထင်မှတ်နေတတ်ကြသူများပါပဲ။ ဘာနဲ့ အလားသဏ္ဌာန်တူသလဲဆိုရင် ပြိုင်ကားတွေအကြောင်းပါတဲ့ ကတ်တလောက်စာအုပ်ကြီးကို အဖန်တလဲလဲဖတ်ပြီး သွားရည် ကျနေတဲ့ ကလေးလိုပါပဲ။ တကယ်တမ်း ကားပေါ်တက်မောင်းဖို့ရာ (၁၈)နှစ်မပြည့်သေးတဲ့အတွက် ယာဉ်မောင်းလိုင်စင်လည်း မရနိုင်သေးသလို အသက်ပြည့်လို့ ယာဉ်မောင်း လိုင်စင်ရခဲ့လဲ ပြိုင်ကားဝယ်ဖို့ မဖြစ်နိုင်သလိုပါ။ မော်တော်ကားအင်ဂျင်မှာ တပ်ထားတဲ့ မူလီနဲ့နပ်တွေရဲ့ ခံနိုင်ဝန်နဲ့ အရစ်အရေအတွက်ကို သိတာနဲ့ မော်တော်ကားပေါ်တက်ပြီး ငြိမ့်ငြိမ့်ညောင်းညောင်း ကောင်းကောင်းမွန်မွန် မောင်းတတ်တာနဲ့ တခြားစီဖြစ်သလိုပါပဲ။ ဒါကြောင့်မို့ သူတို့ကို ဓာတ်ပုံဆရာအဆင့်ထဲတောင် မထည့်ဘဲ ပေယျာလကန် လုပ်ထားလို့ရပါတယ်။ သူတို့ကတော့ ဓာတ်ပုံရိုက်ဖို့ထက် အွန်လိုင်းမှာ ရီဗျူးတွေ ရှာဖတ်ပြီး လေပန်း နေကြဦးမှာပါပဲ။

တက်ကနစ်ရှင် အရူးများ။ ။ အောက်ဆုံး အဆင့် (၁)

ဖိုတိုဂရပ်ဖာ ဘိတ်ချေး အဆင့်လို့ ပြောရမယ့် ဒီလူတွေ (အမျိုးသားများသာ အများစု) ဟာ ခေသူတွေ တော့ မဟုတ်ကြပါဘူး။ သူတို့ဟာ ဟုမ်းသီရေတာ စစ်စတမ်၊ နောက်ဆုံးပေါ် လက်ပ်တော့နဲ့ ဟန်းဆက် အကောင်းစား အစရှိတဲ့ ခေတ်ပေါ်အသုံးအဆောင် ပစ္စည်းများ ၀ယ်ကိုင်နိုင်တဲ့ လူတန်းစားပါ။ ပြီးတော့အလုပ်အကိုင်ကလည်း အင်ဂျင်နီယာ၊ ဒေါက်တာ၊ ကွန်ပျူတာလုပ်ငန်းရှင် အစရှိတဲ့ ပေါ့သေးသေးမဟုတ်တဲ့ အလုပ်များနဲ့ အသက်မွေးသူများ ဖြစ်တတ်ပါတယ်။ သူတို့ဟာ လက်ကိုင်ဖုန်းဟန်းဆက်အသစ် ပေါ်တိုင်းလည်း ကိုင်တတ်သလို ကင်မရာကိုလည်း မော်ဒယ်အသစ် ပေါ်တိုင်း လဲကိုင်တတ်ကြပါတယ်။ သင်သာခွင့်ပြုလိုက်ရင် သူတို့ရဲ့ ကင်မရာအိတ်ကြီးကိုဖွင့်ပြီး ကင်မရာဘော်ဒီတွေ၊လန်းစ်တွေကို ထုတ်ကြွားဖို့ တက်တက်ကြွကြွရှိသူတွေ ဖြစ်ပါတယ်။ ပြီးတော့ သူတို့ဝယ်ထားတဲ့ ပစ္စည်းတွေ ဈေးဘယ်လို သင့်ပြီး ဘယ်လိုကောင်းကြောင်း၊ ဘယ်လို အချိန်ယူ လေ့လာပြီးမှ ၀ယ်ယူ စုဆောင်းထားတာဖြစ်ကြောင်း၊ တံတွေးစင်မတတ် ရှင်းပြတတ်ကြပါတယ်။ တကယ်လည်း သူတို့ဝယ်ထားတဲ့ပစ္စည်း တွေအကြောင်း မ၀ယ်ခင်ကကော ၀ယ်ပြီးတဲ့နောက်ကော စေ့စေ့ညက်ညက် လေ့လာတတ်သူများလည်း ဖြစ်ကြပါတယ်။ သို့ပေသော်ငြားလည်း ဒီလူတွေမှာ အနုပညာ၊ ဓာတ်ပုံပညာနဲ့ ပတ်သက်တဲ့ခံယူချက်တွေ မရှိတတ်ကြပါဘူး။သင်သတိထား မိတာက သူတို့ ကင်မရာတွေကိုသာ ထုတ်ပြဖို့ဝန်မလေး ပေမယ့် သူတို့ရိုက်ထားတဲ့ ပုံတွေကိုတော့ထုတ်ပြဖို့ တွန့်နေတတ်ကြပါတယ်။ သူတို့ရိုက်ထားသမျှတွေကလည်း ကင်မရာစမ်းတဲ့၊ မှန်ဘီလူးစမ်းတဲ့ ပုံတွေသာများပြီး လောက် လောက်လားလား တစ်ပုံကောင်း နှစ်ပုံကောင်းဟာ တော်တော်လေး ရှာဖွေရမှာဖြစ်ပါတယ်။ ပြီးတော့ ဓာတ်ပုံတစ်ပုံကောင်းဖို့ အဓိကအချက်ဟာ အလင်းဆိုတာမဟုတ်ဘဲ ကင်မရာလို့ တလွဲထင်နေတတ်သူများပါ။ ဓာတ်ပုံထွက်ရိုက်ဖို့ထက် အင်တာနက်က ဓာတ်ပုံဝက်ဘ်ဆိုတ်တွေမှာ အသင်းဝင်ပြီး သူတို့လိုလူအချင်းချင်း ကင်မရာ အိုင်အက်စ်အိုစမ်းတာ၊ မှန်ဘီလူးပြတ်သားမှု စမ်းတာတွေ ဖလှယ်နေတတ်ကြပါတယ်။ သူတို့ ကိုယ်ပိုင်အင်တာနတ်ဆိုဒ်တွေ ထောင်ထားတတ်ကြပြီး အဲဒီမှာလည်း ရိုက်ထားတဲ့ဓာတ်ပုံတွေ တင်မထားဘဲ သူတို့ နောက်ဆုံးဝယ်ထားတဲ့ ပစ္စည်းတွေအကြောင်း ရီဗျုးတွေ ရေးနေ တတ်ကြပါတယ်။ အဲဒီလူတွေတင်သမျှကိုလည်း အထက်မှာ ဖော်ပြခဲ့တဲ့ သုညအဆင့်လူတွေက တရေးတယူလုပ်ပြီး ဖတ် တတ်ကြပါတယ်။

ဝါသနာရှင် သူဌေးများ။ ။အဆင့် (၂)

ဒီလူတွေဟာပြီးခဲ့တဲ့ တစ်ဆင့်ထက်တော့ ဓာတ်ပုံ ပညာပိုင်းမှာ အတန်ငယ်သာပါတယ်။ ဆင်းရဲတဲ့လူတွေရဲ့ သနားစရာဘ၀တွေကို ရိုက်လာပြီး ဂရိန်ထနေတဲ့ အဖြူ အမည်းပုံ ပြောင်းလိုက်ရင် တော်တော်လေး အနုပညာ မြောက်သောပုံဖြစ်ပြီလို့ ထင်နေတတ်ကြပါတယ်။ သူတို့ ဟာ လူချမ်းသာများဖြစ်ကြပြီး သူတို့ရဲ့အနုပညာကို လွတ် လပ်စွာဖန်တီးနိုင်ဖို့ တတ်နိုင်သမျှ အမြင့်ဆုံးကင်မရာကို ရွေးကိုင် တတ်ကြပါတယ်။ Leica, Canon, Nikon အစရှိသည်ဖြင့် Brand တစ်ခုခုကိုရွေးချယ်ပြီး အကောင်းဆုံးဆိုတဲ့ ဘော်ဒီ၊ အကောင်းဆုံးဆိုတဲ့ မှန်ဘီလူးများကို ရွေးဝယ်တတ်ကြပါ တယ်။ တက်ကနစ်ရှင်အရူးတွေနဲ့ ကွာတာက ၀ါသနာရှင် သူဌေးတွေဟာ အကောင်းဆုံး(ဈေးအများဆုံး) ဆိုတာကို ရွေးဝယ်ထားတာဖြစ်တဲ့အတွက် သူတို့ပစ္စည်းတွေအတွက်စိတ်ပူ ခြင်းသိပ်မရှိဘဲ ဓာတ်ပုံထွက်ရိုက်နိုင်တာပါပဲ။ ဒါပေမယ့် သူတို့ကို ကင်မရာအစုတ်လေးတွေ လက်ထဲထည့်ပြီး ရိုက်ခိုင်းရင် ကိုယ့်ကိုကိုယ်ယုံကြည်မှုတွေ ပျောက်ဆုံးပြီး လုံးဝမရိုက်တတ်ကြတော့တဲ့သူတွေ ဖြစ်နေတတ်ပါတယ်။ ဒါကြောင့်မို့ သူတို့ပစ္စည်းတွေအတွက် ကောင်းပါ့မလားဆိုတာ ပူပန်ပြီး ဓာတ်ပုံထွက်မရိုက်ဘဲ အွန်လိုင်းမှာ လေ့လာရေး ထွက်နေပြီဆိုရင်တော့ အချိန်မရွေးပဲ အောက်အဆင့်တွေကို ကျသွားမှာကတော့ အသေအချာပါ။

ကြေးစားဓာတ်ပုံဆရာများ။ ။အဆင့် (၃)

ဒီလူတွေက တကယ့်ကို ကြေးစားတွေပါ။သူတို့ရဲ့ စားဝတ်နေရေးအတွက် ရာနှုန်းပြည့်ဝင်ငွေကို ဓာတ်ပုံရိုက်ပြီး ရောင်းစားခြင်းနဲ့ပဲ ရှင်သန်ပါတယ်။ သူတို့အတွက် အနုပညာ တွေဘာတွေလုပ်ဖို့ အချိန်မပေးပါဘူး။ ရိုက်တဲ့ပုံက ပိုက်ဆံရဖို့ပဲ အရေးကြီးပါတယ်။ သူတို့ဟာ ဓာတ်ပုံနဲ့ဆက်စပ်စ္စည်းမှန်သမျှကို တီးမိခေါက်မိရှိသလို တော်တော်တန်တန်ပုံကောင်းတစ်ပုံရ အောင်လည်း ရိုက်ကူးနိုင်တဲ့ အရည်အချင်းတွေရှိကြသော်လည်း စိတ်ကူးတွေ ခံစားချက်တွေ ဖော်ကျူးတာမျိုး ရိုက်ဖို့ မစဉ်းစားအားကြပါဘူး။ သူတို့အတွက် တစ်ခါတလေ ကိုယ် ပိုင်အချိန်တွေရခဲ့မှသာ ပုံကောင်းတွေဖန်တီးဖို့အခွင့်သာမှာပါ။ ကြေးစားဓာတ်ပုံဆရာတွေအတွက် ကင်မရာဆက်စပ်ပစ္စည်းတွေ ဆိုတာဟာ ပျက်လို့ပြင်ဆိုင်ပို့ရမယ့်အဆင့် မရောက်မချင်း ခေါင်းထဲထည့် မစဉ်းစားအားပါဘူး။ ဘယ်နေ့မှာဘာပွဲကို ကန်ထရိုက် လက်ခံရိုက်ရအောင် လုပ်ရမလဲ၊ ဘယ်ဓာတ်ပုံဆရာ၊ ဘယ်ဓာတ်ပုံတိုက်ကတော့ ဈေးဘယ်လောက်ချနေပြီဆိုတာတွေ ပဲ ပူပန်နေတတ်ပါတယ်။ ကင်မရာဈေး မှန်ဘီလူး ဈေးတွေ ဆိုတာကိုလည်း သုံးလေးနှစ်တစ်ခါ လိုအပ်လို့ဝယ်ရပြီဆိုတဲ့ အချိန်ကလွဲပြီး ဓာတ်ပုံကူးတဲ့ ဆိုင်တွေက လစဉ်ပုံကူးနှုန်းထား ဈေးအတက်အကျကိုပဲ စိတ်လှုပ်ရှားပါတယ်။ နောက်ပြီး ကြေးစားဓာတ်ပုံဆရာတွေဟာ သဘာဝရှုခင်းတွေရိုက်ခဲပါတယ်။ ကင်မရာတွေကိုလည်း ၀ါသနာရှင်သူဌေးတွေလို အကောင်းစား မကိုင်ကြပါ။ ကိုယ်ပိုင်ဝက်ဘ်ဆိုတ်ထောင်ပြီးလည်း ပုံမတင်ကြပါ။ ကင်မရာရီဗျူးတွေလည်း မရေးကြပါ။

ပုံရိပ်ဖမ်းသူများ။ ။အဆင့် (၄)
ဒီအဆင့်က နားလည်ဖို့ခက်သလို လူအများစု ပါဝင်နေတာတွေ့ရမှာပါ။ သူတို့ဟာ တကယ်ရိုက်ပါတယ်။ အများကြီးရိုက်ပါတယ်။ မိသားစုဝင်တွေကြီးပြင်းလာတာတွေကအစ ကြုံသမျှအဖြစ်အပျက်တွေ၊ ရောက်သမျှနေရာတွေ၊ တွေ့သမျှ လူတွေ စသည်ဖြင့် အကုန်မှတ်တမ်းတင်ပါတယ်။ သူတို့ဟာ ဂရပ်ဖစ်ဒီဇိုင်နာ၊ ပန်းချီဆရာ၊ ဗိသုကာ၊ စာပေသမားစသည်ဖြင့် အနုပညာဆက်စပ်သူတွေလည်း ဖြစ်နိုင်ပါတယ်။ တစ်ခါတလေ သူတို့ဆီက ထူးထူးခြားခြားပုံကောင်းတွေလည်း ရတတ်ပါတယ်။ အဲဒီပုံတွေကိုလည်း လူအများကြည့်ရအောင် အပြင်မှာဖြစ်ဖြစ် အင်တာနက်ကတဆင့် ဖြန့်ဝေပြတတ်ကြပါတယ်။သူတို့ဟာ ကင်မရာထက် ကင်မရာနောက်က လူက ပိုအရေးကြီးတယ် ဆိုတာကိုလည်း သိထားကြပါသေးတယ်။ ဒါကြောင့် သူတို့ အတွက် အိတ်ဆောင်ကင်မရာလေးတွေနဲ့လည်း ကင်မရာ အကြီးတွေနဲ့ ရိုက်သလို ကြည့်ကောင်းတဲ့ ပုံရအောင် ရိုက်ပြဖို့ ၀န်မလေးတတ်ကြပါဘူး။ လက်ကိုင်ဖုန်းကင်မရာနဲ့ လက်စွမ်းပြချင်ပြတတ်ကြပါသေးတယ်။ သူတို့ဟာ ထိပ်ဆုံးအဆင့် အနုပညာသမားစစ်စစ်တွေထက်တောင် အနုပညာရှင်နဲ့တူအောင် နေထိုင်တတ်ကြပါတယ်။ ခက်တာက သူတို့လက်ရာဟာ သူတို့ အပြောလောက် မကောင်းသေးတာပါပဲ။

ဖားလောင်းများ။ ။အဆင့် (၅)

ဓာတ်ပုံပညာကို အလွန်ချစ်မြတ်နိုးသူများဖြစ်ပါတယ်။ ကင်မရာကို ကိုယ်နှင့်မကွာ ဆောင်တတ်ကြပြီး ဓာတ်ပုံရိုက်နည်းမျိုးစုံ သီအိုရီပေါင်းများစွာ ကျေသူဖြစ်ပါတယ်။ ၄င်းတို့ပုံများမှာလဲ အပြစ်ပြောစရာမရှိပါ။ ဓာတ်ပုံပညာအကြောင်း (ကင်မရာအကြောင်းမဟုတ်)ကို တစိုက်မတ်မတ်လေ့လာတတ် ကြပြီး အခြားသူရိုက်ထားသောပုံများအားလည်း ဝေဖန်နိုင်ခံစား နိုင်သူများ ဖြစ်ကြပါတယ်။ မင်္ဂလာဆောင်ရိုက်ဖို့ ၀န်မလေးသလို မော်ဒယ်ရိုက်ခြင်းကိုလည်း အထူးကြိုက်နှစ်သက်တတ်ကြ ပါတယ်။ စနေ၊ တနင်္ဂနွေ အလုပ်အားရက်များတွင်တော့ အောက်ဒိုးထွက်ပြီး ရှုခင်းပုံများ လိုက်ရှာတတ်ကြပါတယ်။ ဆုကြေးစားပြိုင်ပွဲကြီးငယ်များ အဆင်ပြေသလို ၀င်ပြိုင်တတ်ကြ ပါတယ်။ တစ်ကိုယ်တော်၊ စုပေါင်းပြပွဲများလုပ်ပြီးဓာတ်ပုံရောင်းချခြင်းကိုလည်း အမြဲရည်မှန်းထားတတ်ပါတယ်။
ဝါသနာရှင်မက ကြေးစားမကျ အဆင့်ကို ရောက်နေ သော်လည်း ဓာတ်ပုံနှင့် ပတ်သက်သောဝင်ငွေမှာ အဓိက၀င်ငွေရဲ့ ငါးဆယ်ရာခိုင်နှုန်းအောက် လျော့နည်းနေသေးသူဖြစ်ပါတယ်။ သူတို့ရဲ့ အတတ်ပညာနှင့်ဖန်တီးနိုင်မှုကို အနုပညာသွေးသား ၀ိညာဉ် ထည့်ပေးလိုက်လျှင် ထိပ်ဆုံး(၇)အဆင့်ကို တက် လှမ်းနိုင်သူများဖြစ်ကြပါတယ်။ သို့ပေသော်ငြားလည်း ကင်မရာ ပစ္စည်းပေါ်အာရုံစိုက်ခြင်း ခေတ်ပေါ်နောက်လိုက်ခြင်း စသည့် အကျင့်ဆိုးများကြောင့် အချိန်မရွေး အောက်ဆုံးအဆင့်များသို့ ဇောက်ထိုးဆင်းသွားနိုင်သူများလည်း ဖြစ်ပါတယ်။

အထည်ကြီးပျက်များ။ ။ အဆင့် (၆)
အထည်ကြီးပျက်ဆိုသည်မှာ တကယ်တန်းတော့ ထိပ်ဆုံးမှော်ဝင်သူအဆင့် ရောက်ခဲ့ပြီးသော ဓာတ်ပုံ အနုပညာရှင် ပဲဖြစ်ပါတယ်။သူတို့ဟာအခြေအနေ အကြောင်းကြောင်းကြောင့် နေထိုင်စားသောက်မှုစရိတ်တွေအတွက် သူဖန်တီးထားတဲ့ ၀ိညာဉ်တွေကို ချရောင်းရသူဖြစ်သွားပါတယ်။ အဲဒီအခါ မှာ သူ့ရဲ့ဖန်တီးနိုင်စွမ်းအားကို ဈေးကွက်ဝင်မှုနဲ့ စိတ်ကွန့်မြူးမှု တို့အကြား လိုတိုးပိုလျှော့လုပ်ပြီး ဈေးကွက်ထဲ ပို့လိုက်ရ သူပါ။ ဒါကြောင့် သူတို့ဟာ ထိပ်ဆုံးအဆင့်ကနေ ဈာန်လျှောပြီး ဈေးကွက်ဝင် ဖန်တီးချက်များကြောင့် အဆင့် ကျခဲ့ရပါတယ်။ ဂယ်လာရီပိုင်ရှင်တွေ၊ အမဲရှာနေတဲ့ အနုပညာ ကုန်သည်ပွဲစားတွေ၊ အနုပညာလက်ရာစုဆောင်းသူ သူဌေးတွေ ဟာ သူတို့ရဲ့ ပင်တိုင်ဖောက်သည်တွေ ဖြစ်တတ်ပါတယ်။ သူတို့ဖန်တီးထားတဲ့ အနုပညာလက်ရာတွေဟာ ဂယ်လာရီတွေက တဆင့် စတိုင်တခု၊ ရေစီးကြောင်းတစ်ခုအဖြစ် အများပြည်သူခံစားကြည့်ရှုနိုင်ကြပါတယ်။

မှော်ဝင်သူများ။ ။ထိပ်ဆုံးအဆင့် (၇)

အနုပညာမှော်အောင်ပြီဖြစ်တဲ့ အရှားပါးဆုံးနဲ့ အမြင့်ဆုံးအဆင့်ပါ။ ဒီအဆင့်ရောက်နေရင် ဖိုတိုဂရပ်ဖာ ဓာတ်ပုံ ဆရာဖြစ်ခြင်း ရှိခြင်းတွေ မလိုအပ်တော့ပါဘူး။ ဒီအနုပညာရှင်ဟာ သူ့ရဲ့စိတ်ကူးအယူအဆတွေ ခံစားချက်တွေကို နေရာတစ်ခု၊ လူတစ်ယောက်၊ ပုံရိပ်တစ်ခု စသည်တို့ကို ကင်မရာသုံးပြီး ဓာတ်ပုံနဲ့ ဖော်ကြူးလိုက်ခြင်းဖြစ်သွားပါတယ်။ ဓာတ်ပုံပညာဟာ သူနဲ့ခံစားသူပရိသတ်ကြားက မီဒီယံတစ်ခုသက်သက်မျှသာ အသုံးတော်ခံပါတယ်။သူဟာ ကင်မရာကို ကျေညက်နေပြီးလည်းဖြစ်ပါမယ်။ ဓာတ်ပုံအယူအဆ တွေကိုလည်းသိဖူးရင်သိဖူးပါမယ်။ သူပုံရိပ်တစ်ခုဖန်တီးချိန်မှာ တော့ ကင်မရာဟာသူ့စိတ်ခန္ဓာရဲ့ အစွယ်အပွားတစ်ခု ဖြစ်သွားပြီးသီအိုရီနဲ့ တက်ကနစ်ကယ်ကိစ္စတွေဟာသူ့ရဲ့သိစိတ် ကနေ ဝေးလွင့်သွားပါတယ်။ ဥပမာ ဂီတအနုပညာသမား တစ်ယောက်ဟာ သီအိုရီတွေ သင်ခဲ့မယ် စကေးလ်တွေ ကျင့်ခဲ့မယ်ဆိုပေမယ့် တကယ့်လက်တွေ့ဖန်တီးနေချိန်မှာ ဒါတွေ ကို မေ့သွားတဲ့ သဘောနဲ့ဆင်ပါမယ်။ ပန်းချီဆရာတစ်ယောက်မှာ စုတ်တံတစ်ဒါဇင်ရှိသလို၊ ဂစ်တာသမားတစ်ယောက်မှာ ဂစ်တာ အလက်နှစ်ဆယ်ရှိသလို၊ ဓာတ်ပုံမှော်ဆရာ တစ်ယောက်မှာ လည်း မတူကွဲပြားစွာဖန်တီးမှုပေးတဲ့ ကင်မရာပေါင်းများစွာ ရှိနေနိုင်ပါ တယ်။ သူတို့ အသုံးပြုတဲ့ ကင်မရာတွေဟာ တစ်ခါသုံး ကင်မရာ၊ Pinhole ကင်မရာ၊ ခေါင်းမြီးခြုံကင်မရာစသည်ဖြင့် မျိုးစုံဖြစ်နိုင်သလို ကင်မရာတစ်လုံးမှ မရှိခြင်းလည်းဖြစ်နိုင်ပါတယ်။ ကင်မရာပိုင်ဆိုင်မှုပမာဏဟာ သူ့ရဲ့ အနုပညာရှင်ဖြစ်မှုနဲ့ မည်သို့မျှ မဆက်စပ်တော့ပါဘူး။ သူတို့ဝတ်စားဆင်ယင်မှုနဲ့ နေထိုင်ပုံတွေဟာ ခပ်ကြောင်ကြောင်တွေ ဖြစ်ချင်လည်းဖြစ်ပါ မယ်။ သူတို့ ၀ိညာဉ်ပူးကပ် ဖန်တီးထားတာတွေကိုလည်း လျှို့ဝှက်ထားတတ်တဲ့အတွက်ကြောင့် အတွင်းကျကျ ရင်းနှီးသူ တွေကလွဲရင် မြင်ဖူးဖို့ ခဲယဉ်းပါလိမ့်မယ်။ သူတို့ကိုယ်သူတို့ အောက်အဆင့်ကို တစ်ဆင့်ချပြီး အထည်ကြီးပျက် ဘ၀အဖြစ် ရောင်းမစားမချင်း သူတို့ရဲ့အနုပညာလက်ရာတွေကိုအများပြည်သူ မြင်နိုင်မှာမဟုတ်ပါ။
အနိမ့်ကနေအမြင့် ဓာတ်ပုံဆရာအဆင့်ခုနစ်ဆင့်လုံး တင်ပြပြီးစီးသွားပါပြီ။ သင်ဘယ်အဆင့်မှာ ရောက်နေပြီလဲဆိုတာ ဖိုတိုဂရပ်ဖာများ ဆန်းစစ်နိုင်ကြပါစေ။

ကျော်နန္ဒ
(Ken Rockwell ရဲ့ The Seven Levels of Photographers ကို မှီငြမ်းပြီးဆီလျော်အောင် ပြန်လည်ရေးသားထားပါတယ်။)

သဘာဝမြန်မာဓာတ်ပုံမဂ္ဂဇင်း (အတွဲ ၁၊ အမှတ် ၁၊ သြဂုတ်၊ ၂၀၁၂)
A true photographer held his camera till he died.

Sunday, September 8, 2013

Zaw Min Latt's #Lighting အကြောင်း#

Lignting အလင်းပေးစနစ်ကို Lighting လို.ခေါ်ပါတယ်။ အခြေခံအားဖြင်. lighting-2မျိုး ရှိပါတယ်။ သဘာဝ Natural Lightin အလင်းရောင်နဲ. Studio ခန်းထဲမှာ အလင်းပေးစနစ်ကြောင်. Lighting အလင်းရောင် တွေဘဲဖြစ်ပါတယ်။လုံလောက်တဲ. အလင်းရောင် ရမှသာ ပုံကောင်းတစ်ပုံရရှိနိုင်ပါတယ်။
#Natural Lighting
တကယ်တော. သဘာအလင်းရောင်နဲ. ပုံရိုက်တာက အကောင်းဆုံးဖြစ်ပါတယ်. ဒါပေမဲ. နေရောင် အောက်တည်.တည်. မှာ ပုံရိုက်တာမျိုးကို တော. တတ်နိုင်သမျှရှောင်သင်.ပါတယ်။ ဘာကြောင်. လဲဆိုတော. နေရောင်ဘက်ကို မျက်နှာမူရင် မျက်စိကျိန်းပြီး မျက်လုံးမှေးနေမှာဖြစ်ပါတယ်။ နေရောင် တိုက်ရိုက် ကျရောက်တဲ.အတွက် လူ.ရဲ. အသားအရောင် အမှန်ပေါ်မှာမဟုတ် ဘဲ ပိုပြီး ဖြူဖွေး နေတတ်ပါတယ်။ ၀တ်ဆင်ထားတဲ. အကျီအရာင်က အရောင်.ဖော.ဆိုရင် ဘာအရောင်ပဲ ဖြစ်ဖြစ် ပုံထဲမှာ အဖြူရောင်ကိုဘဲ မြင်တွေ.နေရမှာဖြစ်ပါတယ်.။ အ၀တ်အစားရောင် အမှန်ကို ရမှာမဟုတ်ပါဘူး။ ဒါကြောင်. ဓာတ်ပုံအရိုက်ခံမဲ.လူက နေရောင် ဘက်ကိုကျောပေးပြီးမှသာ ပုံရိုက်သင်.ပါတယ်။ အဲဒီလိုရပ်ရင် ကင်မရာရဲ. Lens မှာ Lens hood cover ကိုတပ်ပြီးရိုက် သင်.ပါတယ်။။ နေရှိရာဘက်ကို ဆန်.ကျင်ပြီး မျက်နှာမူရတဲ. အတွက် Flash မီးကို မသုံးခဲ.ရင် လူရဲ. မျက်နှာ ပိုင်းက Shadow အရိပ်ကျ မည်းမှောင်နေတတ်ပါတယ်။ အဲဒီလိုအခါမျိုးကျရင် Flash မီးအကူ ကိုဖွင်.ပြီးမှသာ ပုံကိုရိုက်သင်.ပါတယ်။နေသာနေတဲ. အချိန် ပုံရိုက်ချင်ရင် အရိပ်ရတဲ. သစ်ပင်အောက်လို. နေရာမျိုး ရှာဖွေပြီး ရိုက်သင်.ပါတယ်.။ အိမ်ခန်းထဲမှာ ဆိုရင် နေအလင်းရောင် များများ ၀င်ရောက်တဲ. ပြတင်းပေါက်နားမှာ ပုံရိုက်တာ(Window Lighting) ကလည်း ပုံကောင်း ကိုရရှိနိုင်စေပါတယ်။ အဲဒီလိုအခါမျိုးမှာ ကင်မရာရဲ. Flash အကူမီးကို မသုံးရင်လည်း ရနိုင်တဲ. အခြေအနေမျိုးပဲ ဖြစ်ပါတယ်.။ တစ်ကယ်လို. နေသာတဲ.အပြင် အောက်ဒိုးမှာ ပုံရိုက်တဲ.အခါ Flash ကို အသုံးပြုဖို.မလိုအပ်ပေမဲ. Reflector ရောင်ပြန်ပြားတွေကို အသုံးပြုပြီး ပုံရိုက်ရင်ပိုကောင်း၏
#Studio Lighting
တကယ်လို.သဘာဝအလင်းရောင် NL မရတဲ.အခါ(အိမ်ခန်းအတွင်း၊Studio အခန်းတွင်း) တွေ မှာ သဘာအလင်းရောင်နဲ.အနီးစပ်ဆုံးတူညီတဲ. Ambient Light အလင်းပေးစနစ်ကို အသုံးပြုနိုင်ပါတယ်။ Ambient Light ရရှိအောင် Flurescent မီးလုံး ဒါမှမဟုတ် Tungsten မီးလုံးတွေနဲ. စဉ်ဆက်မပြတ် Continuous Lighting မီးပေးမှရရှိနိုင်ပါတယ်။ မီးလုံးတွေကို အလင်း ပြန်အားကောင်းတဲ. မီးအုပ်ဆောင်းတွေထဲ ထည်.ပြီး မီးထွန်းပေးရပါတယ်။ အသုံးပြုနိုင်တဲ. မီးအုပ်ဆောင်းတွေ အမျိုးမျိုး ရှိသလို အသုံးပြုတဲ. မီးလုံးတွေကလည်းWatt အလိုက်အမျိုးမျိုး ရှိပါ တယ်။ Cntinous Lighting နဲ. မီးထွန်းတဲ.အခါ တိုက်ရိုက် မီးထွန်းစနစ် ကိုကျင်.သုံးပေးမဲ. ကျရောက်တဲ. အလင်းရောင်ကို ပြေအောင် မီးလုံးနဲ. မီးထိုးမဲ. လူရဲ. အကြားမှာ အလင်း ထွင်းဖောက် နိုင်တဲ. အဖြူရောင် ပိတ်စတွေနဲ. ကြားခံထားလေ.ရှိပါတယ်။ တချို.ကျတော. အဖြူရောင် ထီးဘက်ကို မီးလုံးထိုးပြီး ထီးအဖြူရောင် ပိတ်စကနေ ရောင်ပြန်အနေနဲ. ကျရောက်လာတဲ. အလင်းနဲ.ပုံရိုက်လေ.ရှိပါတယ်။
#Spot Lighting
အလင်းရောင်က နေရာတနေရာတည်းကို တိုက်ရိုက်ကျရောက်နေတာမျိုးကို ဆိုလိုပါတယ်။ ပုံကိုကြည်.သူအနေနဲ. အလင်းတောက်ပတဲ.နေရာကို ဦးစားပေး ကြည်.စေလိုတဲ.အခါမျိုးမှာ Spot Lighting အလင်းပေးနေတဲ.ပုံစံမျိုးကို ဖန်တီးရမှာဖြစ်ပါတယ်။ သဘာဝနေအလင်းရောင်က ရရှိတဲ. Spot Lighting ရှိသလို.၊ အခန်းတွင်း(သို.)Studio အခန်းထဲမှဘြဲ Spot Light မီးတွေကို အသုံးပြုနိုင်ပါတယ်။ အဲဒီလို Spot Lighting အလင်းပေးစနစ်ကို အသုံးပြုပြီး ပုံရိုက်မယ်ဆိုရင် ကင်မရာရဲ. Metering Mode မှာ Spot Metering ဒါမှမဟုတ် Center Weighted Average Metering ကို သတ်မှတ်ရမှာဖြစ်ပါတယ်။။။။
#Back Light
ဓတ်ပုံရိုက် လိုတဲ. Subject ပုံရဲ. နောက်ဘက်ကနေ ကျရောက်နေတဲ. အလင်းရောင်မျိုးကို Back Light လို.ခေါ်ပါတယ်။ သဘာဝနေရောင်ကြောင်. Back Light အလင်းရောင်မျိုးကိုရရှိတတ်သလို Studio အခန်းထဲမှာလည်း Back light အလင်းရောင်မျိုးရရှိအောင် ဖန်တီးနိုင်ပါတယ်။ အလင်းပေါက်နိုင်တဲ. Subject ပုံတွေ ရဲ. အနောက်မှာ Back light အလင်းရောင် ကျရောက်ရင် ပိုမို လှပတဲ. ပုံမျိုး ရနိုင်ပါတယ်။ Back light အလင်းရောင်မျိုး ကျရောက်နေဲ.ပုံတွေကို ပုံရိုက်ရင် အလင်းရောင်ဘက်ရှိရာသို. ကင်မရာ ကို လှည်.ပြီးရိုက်ရပါတယ်။။ အဲဒါကြောင်. ကင်မရာ မှန်ဘီးလူးကို အလင်းနဲ. တိုက်ရိုက် များများ မ၀င်အောင် ကာကွယ် ပေးတဲ. Lens Hood Cover ကို ထပ်ဆင်ပြီး ရိုက်သင်.ပါတယ်...။ဒါမှ တိုက်ရိုက် အလင်းရောင် ကြောင်. ဖြစ်ပေါ်လာတတ်တဲ. မှန်ဘီးလူး မှာ Extreme Flare လို.ခေါ်တဲ. အလွန်အကျွံ မှန်ဘီးလူး စက်ဝိုင်း အကွက် ပုံစံမျိုး တွေပေါ်လာတာမျိုးကို ရှောင်ရှားနိုင်မှာဖြစ်ပါတယ်။ Back light အလင်းရောင်ပုံစံမျိုးနဲ. Portrait လူပုံတွေ၊ရေခဲတုံးပုံစံမျိုးတွေ၊အလင်းပေါက်နိုင်တဲ.အနေအထားရှိတဲ. Subject ပုံတွေကို ဓာတ်ပုံရိုက်သင်.ပါတယ်။
#Side Light
ပြင်ပ အောက်ဒိုးမှာ ဖြစ်ဖြစ်၊Studio အခန်းထဲမှာဘဲဖြစ်ဖြစ် ဓာတ်ပုံရိုက်မဲ. Subject ပုံတွေရဲ. ဘေးဘက် တွေကနေ ကျရောက်တဲ. အလင်းရောင်မျိုးပဲ ဖြစ်ပါတယ်။။သူလည်းပဲ သဘာဝ နေအလင်းရောင်ကြောင်.လည်းရရှိနိုင်သလို.၊Studio အခန်းထဲမှာလဲ အလားတူ Side Light အလင်းရောင်မျိုးကိုဖန်တီးယူနိုင်ပါတယ်။
#Front Light
ဓာတ်ပုံ အရိုက်ခံမဲ. Subject ရဲ. ရှေ.တည်.တည်. ကနေ ကျရောက် နေတဲ. အလင်းမျိုးကို front Light လို.ခေါ်ပါတယ်။ ကင်မရာတွေမှာပါဝင်လေ.ရှိတဲ. Flash မီးက Front Light အလင်းရောင် ပဲ ဖြစ်ပါတယ်။ သဘာဝနေ အလင်းရောင်လည်း ကြောင်. ရရှိနိုင်ပါတယ်။။
#Mood Lighting
တဒင်္ဂမှာဖြစ်ပေါ်လာတဲ. တူညီမှူ မရှိဘဲ စိတ်ဝင်စားဖို.ကောင်းတဲ. အလင်းရောင်မျိုးကိုဆိုလိုပါတယ်။ သဘာနေရောင်ကြောင်.ပဲရတတ်ပါတယ်။သစ်ပင်တွေ အုံ. ဆိုင်း နေတဲ.နေရာ မှာ ရုတ်တရက် နေရောင်ပြင်းပြင်းကျတတ်ပါတယ်။ အဲဒါကလည်း တခဏပဲ ဖြစ်ပါတယ်။ အဲဒီလို အခြေအနေမျိုးမှာရိုက်ယူလိုက်တဲ. ဓာတ်ပုံက အင်မတန် လှပတတ်ပါတယ်။ ပုံကိုကြည်.သူအနေနဲ. လည်း အလွန်ဘဲ စိတ်ဝင်စားစေနိုင်ပါတယ်။ လှိုဏ်ဂူ၊ တောင်ကြားတွေကြားထဲမှာလည်း အဲဒီလို. တဒင်္ဂ အလင်းရောင် တွေ ကျရောက်တတ်ပါတယ်။ တစ်ခါတစ်ရံ မိုးအုံ.နေတဲ. မိုးသားတွေထဲမှာ တိမ်ကင်းစင်တဲ.နရာကြားထဲကနေ နေအလင်းရောင် ဖောက်ထွက် လာတတ်ပါတယ်။ အဲဒီအချိန်မှာ ဖုန်မှုန်.တွေ၊မြူဆိုင်းနေတာတွေ၊မီးခိုးငွေတွေပါလာရင် ပုံက ပိုပြီး အသက်ဝင်လာစေတယ်။ အဲဒီလို တဒင်္ဂပေါ်လာတဲ. အလင်းရောင်ဖြစ်လို. ကင်မရာကို ခပ်မြန်မြန်လေး ဓာတ်ပုံရိုက်ယူရမှာ ဖြစ်ပါတယ်။
သဘာဝနေ အလင်းရောင်ပေါ် မူတည်ပြီး ပုံတွေကို ရိုက်လိုလျှင် နေထွက်ချိန်၊နေ၀င်ချိန် နဲ. ကောင်း ကင် အလှဆုံး အချိန်တွေကို သိထားသင်.ပါတယ်။
(၁)-နေထွက်ချိန်-(၅-၆)နာရီ-
(၂)နံနက်ခင်းနေရောင်ခြည်-(၆-၁၁)နာရီ-အကောင်းဆုံး ဓာတ်ပုံရိုက်ချိန်-(၈-၁၀)နာရီ
(၃)-မွန်းတည်.နေရောင်(Top Light)-(၁၁-၂)နာရီ
(၄)-မွန်းလွဲနေရောင် (၂-၆)နာရီ
(၅)-နေ၀င်ချိန် Sunset-(၆-၆း၃၀)နာရီ-အကောင်းဆုံးပုံရိုက်ချိန်(၅း၄၅)နာရီ
(၆)-နေ၀င်ရီသရော-(၆း၃၀-၇)နာရီ-အကောင်းဆုံးပုံရိုက်ချိန်(၆း၄၅)နာ၇ီ
တစ်ကယ်တော.မိုးကောင်းကင်က အကောင်းဆုံး သဘာဝ နောက်ခံ Back Ground ဖြစ်ပါတယ်။ ပြာနေတဲ ကောင်းကင်မှာမိုးသားကင်းစင်တဲ.မိုးတိမ် တွေကလည်း အကောင်းဆုံးနောက်ခ့ ရှုခင်း ဖြစ်ပါတယ်။ သာမာန်ထန်းပင်တစ်ပင်ကိုတောင် ကောင်းကင်နဲ. နောက်ခံထားလိုက်ရင် တောင် လှပတဲ. ဓာတ်ပုံမျိုးကိုရရှိနိုင်ပါတယ်။
#High Key/Low Key
High key ဆိုတာ အရောင်တောက်ပတာကို ဆိုလိုတာဖြစ်ပြီး Low key ဆိုတာ အရောင်တောက်ပခြင်း မရှိဘဲ မှေးမှိန်ပြီးမှောင်ပြီး မှောင်နေတာကို ဆိုလိုတာဖြစ်ပါတယ်။ ပုံတစ်ပုံမှာ High key နဲ. Low key တွဲလျက်ပါရှိရင်လည်း လှပတဲ. ဓာတ်ပုံကောင်းမျိုး ရရိနိုင်ပါတယ်။
#Bouncing Light
တိုက်ရိုက် အလင်းရောင် မဟုတ်ဘဲ ရောင်ပြန် အလင်းရောင်မျိုးကို Bouncing Light လို.ခေါ် ပါတယ်။ အဲဒီအလင်းရောင်မျိုးကို Reflector လို.ခေါ်တဲ. ရောင်ပြန်ပြားကိုအသုံးပြု မှ ရရှိနိုင်သလို ကင်မရာရဲ. flash ကို မျက်နှာကျက် ပေါ်သို. ထောင်ပြီး တော.လည်း ရရှိနိုင်ပါတယ်။ သူကို လက်တွေ.မှာ အသုံးများပါတယ်။
#Studio Lighting
သဘာဝအလင်းရောင်အတိုင်း Studio အခန်းထဲမှာ ရရှိနိုင်အောင် မီးမျိုးစုံ၊(Angle)ထောင်.မျိုးစုံနဲ. အလင်းပေးထားတာကို Studio Lighting လို.ခေါ်ပါတယ်။။။။။။။။။။။။။။။။
မှ-A.L

Friday, September 6, 2013

Street Photo ပုံကောင်းတွေရအောင် ဘယ်လိုရိုက်မလဲ (Credit to Sai Zaw Thaike)

Street Photo ပုံကောင်းတွေရအောင် ဘယ်လိုရိုက်မလဲ

September 6, 2013 at 5:21pm
ဓာတ်ပုံနဲ့ ပတ်သတ်တဲ့ Note တွေ ရေးမယ် ရေးမယ်နဲ့ မရေးဖြစ်ခဲ့ဘူး ။ ကိုယ်လည်းအရင်တုန်းက သူများတွေရေးခဲ့တဲ့ Note တွေဖတ်ပြီး ဓာတ်ပုံပညာကို လေ့လာခဲ့ရတာဆိုတော့ ကိုယ်ဘက်ကလည်း ကိုယ်လိုမသိတဲ့သူတွေကိုပြန်မျှဝေပေးဖို့ တာဝန်ရှိတယ်လို့ ခံစားလာရလို့ မဖြစ်ဖြစ်အောင်ရေးမယ်ဆိုပြီး ရေးလိုက်ပါပြီ။ စရေးဖို့အကြောင်းအရာစဉ်းစားတော့လည်း ဘာရေးရမှန်းမသိတာနဲ့ ကိုယ်ကျွမ်းကျင်တဲ့ Street Photo အကြောင်းပဲ ရေးဖို့ ဆုံးဖြတ်ပြီး ရေးလိုက်တာပါ။ ကဲ............စလိုက်ကြရအောင်.............................................

Street Photo ဆိုတာ ဘာလဲ

Street Photo ဆိုတာဘာလဲ လို့မေးလာရင် ရိုးရိုးရှင်းရှင်းလေးပြန်ပြောရရင် လမ်းပေါ်က ဓာတ်ပုံပေါ့ဗျာ။ Street Photographer ဘာလဲမေးရင်တော့ လမ်းဘေးက ဓာတ်ပုံဆရာပေါ့ဗျာ ။ ဘာလို့လဲဆိုတော့ အနှိမ်ခံရလို့ပေါ့ဗျာ :P
Myanmar Street Photographers မှာဖော်ပြထားတဲ့ Street Photo အကြောင်းကတော့
Street photography -ဆိုတာ ဘာမျိုးလဲ ..
ကျနော်တို့ လူနေမူ ဘ၀ စတိုင်တွေကို ပေါ်လွင်အောင် ရိုက်တဲ့ ဓာတ်ပုံပညာမျိုးပါ
မြို့ပြမှာ ရိုက်ရင် မြို့ပြ အငွေ့အသက်တွေပါရတယ်
လမ်းမှာ ရိုက်ရင် လမ်း အငွေ့အသက်ပါတယ်
ဈေးမှာ ရိုက်ရင် ဈေး အငွေ့အသက်ပါတယ်
အဲ့လို သဘောမျိုးပါပဲ ပုံတပုံထဲနဲ့ ဖြစ်နေတဲ့ အခြေအနေ၊ လူတွေ ရဲ့ အငွှေ့အသက် ဒါတွေကို ဖော်ပြနိုင်ဖို့ ကြိုးစား ပြခြင်းပါ လို့ဖော်ပြထားပါတယ် ။

Street Photo ကိုဘယ်လိုနေရာမျိုးတွေမှာ ရိုက်လို့ရလဲဆိုတော့ နေရာကန့်သတ်မှု၊ အနေအထားကန့်သတ်မှု ၊ ဘာကန့်သတ်မှုမှမရှိပါဘူး။ ဘယ်လိုရိုက်ပါလို့လဲ ကန့်သတ်ထားတာမျိုးလည်း မရှိပါဘူး ။ ဒါပေမယ်ဓာတ်ပုံရဲ့ အားကောင်းလာမှုအတွက်တော့ ဆရာရဲအောင်သူပြောသလို လမ်းမှာရိုက်ရင်လမ်းရဲ့အငွေ့အသက်၊မြို့မှာရိုက်ရင် မြို့ရဲ့အငွေ့အသက်၊ ရွာမှာရိုက်ရင် ရွာရဲ့အငွေ့အသက်တော့ ပါဖို့လိုတာပေါ့ဗျာ။ ဒါမှလည်း ပုံကိုကြည့်တာနဲ့ ခံစားမှုတခုခုရစေမှာပေါ့ ။ ဒီတော့ လူတွေရိုက်ရမှာလား ။ အဆောက်အဦးတွေရိုက်ရမှာလားလည်း မေးစရာရှိလာလိမ့်မယ် ။ အကုန်ရိုက်လို့ရပါတယ် ။ အငွေ့အသက်တွေပါအောင်တော့ လှုပ်ရှားမှုတွေ ၊ ဘ၀တွေ ၊ ရုန်းကန်မှုတွေ တွဲစပ်ပြီးတင်ပေးနိုင်ရင်ပိုကောင်းပါလိမ့်မယ် ။ နောက်ပြီး Street Photo ရိုက်ဖို့အတွက် ဘာကင်မရာ ၊ ဘာ Lens တွေသုံးရမလဲဆိုတာလည်းကန့်သတ်ချက်မရှိပါဘူး ။ Phone Camera နဲ့ဖြစ်ဖြစ် ၊ Point & Shoot Camera နဲ့ဖြစ်ဖြစ် ၊ Bridge Camera နဲ့ဖြစ်ဖြစ် ၊ DSLR နဲ့ပဲဖြစ်ဖြစ်ရိုက်လို့ရပါတယ် ။ နောက်ပြီး ဘယ် Mood နဲ့ရိုက်မှရမယ်လို့လည်း မပြောပါဘူး ။ ပုံကောင်းကောင်းထွက်ဖို့ပဲ အရေးကြီးပါတယ်။ နောက်ပြီးတော့ အ၀တ်အစားကိုလည်းဖြစ်နိုင်ရင် နိုင်ငံခြားခရီးသွားတွေလို ၀တ်စားသွားရင်ပိုအဆင်ပြေမှာပါ။ ကျောပိုးအိတ်နဲ့ ဦးထုပ်နဲ့ ဘောင်းဘီရှည် ရှုးဖိနပ်လောက်ဆို အဆင်ပြေပါပြီ။ဘာလို့လဲဆိုတော့ ကျွန်တော်တို့ မြန်မာလူမျိုးတွေက နိုင်ငံခြားသားတွေဓာတ်ပုံရိုက်ရင် ဘာမှမဖြစ်ပေမယ့် ကိုယ့်အချင်းချင်းရိုက်ပြီဆိုရင် ပြသနာအရမ်းရှာကြပါတယ်။ အခန့်မသင့်ရင်ရဲကတောင်ခေါ်စစ်တာခံရနိုင်ပါတယ်။ ဒီတော့တတ်နိုင်သမျှ နိုင်ငံခြားသာပုံစံပဲဖမ်းစေချင်ပါတယ်။ ငါတို့က ဗမာရုပ်ကြီးတွေနဲ့ဘယ်လိုလုပ်နိုင်ငံခြားသားပုံပေါက်မလဲကွာ ဆိုပြီးပြန်မေးစရာရှိလာပါလိမ့်မယ်။လွယ်ပါတယ် ။ ဘာကြောင့်လဲဆိုတော့ ထိုင်း၊ဖိလစ်ပိုင်၊ကိုရီးယား၊ဗီယက်နမ်၊ဂျပန်တို့လို အရှေ့ပိုင်းနိုင်ငံတွေရဲ့ရုပ်တွေက ကျွန်တော်တို့မြန်မာလိုပါပဲ။ ကျွန်တော့်လာမေးရင်လည်း ဖိလစ်ပင်းးးးးး ဆိုပြီးဖြေတာ ဘယ်နှစ်ခါမှန်းတောင်မသိတော့ပါဘူး။ စရိုက်တုန်းကတော့ Where are you come from? ဆိုပြီးလာမေးလို့ ကိုရီးယားးး ဆိုပြီးပြန်ဖြေလိုက်တော့ လာမေးတဲ့လူက မသိလောက်ဘူးထင်လို့ ကိုရီးယားမှာလည်းကပ္ပလီရှိတယ်ဟဆိုပြီးပြောထွက်သွားလို့ စိတ်နာနာနဲ့ နောက်ဆိုကိုရီးယားလို့မပြောတော့ဘူး ။ဒီလောက်ဆို အဆင်ပြေကြလောက်ပြီထင်ပါတယ် ။ ဒီတော့ ကျွန်တော်တို့ လက်တွေ့ Street Photo ရိုက်နေတဲ့ မြင်ကွင်းတခုဆီသွားကြရအာင်..............................................

Street Photo ဘယ်လိုရိုက်မလဲ

Street Photoဘယ်လိုရိုက်မလဲဆိုတာကို ရှင်းပြတာကို ကျွန်တော့်ရဲ့ မိတ်ဆွေတွေဖြစ်တဲ့ Myanmar Street Photographers တွေနဲ့ MM Street Day အဖြစ် April 21 in Around The World ရိုက်ခဲ့တုန်းက အဖြစ်အပျက်လေးကို ပြန်ရေးပြပါ့မယ်။
အဲ့ဒီနေ့က ကျွန်တော်တို့ Myanmar Street Photographers တွေ ဗိုလ်ချုပ်ဈေးရှေ့မှာစပြီး လူစုခဲ့တယ် ။ အဲ့ကနေမှ လူစုနှစ်စုခွဲပြီးမဟာဗန္ဒုလပန်းခြံရှေ့မှာ ပြန်ဆုံဖို့ချိန်းပြီး လူစုနှစ်စုခွဲပြီးဓာတ်ပုံရိုက်ထွက်ခဲ့တယ် ။ ဗိုလ်ချုပ်ဈေးကနေစပြီး ကျွန်တော်တို့ဓာတ်ပုံစရိုက်ခဲ့တယ် ။
ဒီပုံကတော့ အဲ့ဒီနေ့က ပထမဆုံးစရိုက်ဖြစ်ခဲ့တဲ့ ပုံပေါ့ ။ ဗိုလ်ချုပ်ဈေးရှေ့က အနေအထားတခုကို မြင်တွေ့နိုင်မယ် Street Photo တခုပေါ့ ။ ပုံရှေ့က ဦးထုပ်တွေ ၊ ဇကောတွေကလည်း ပုံကို ဆွဲဆောင်မှုရှိအောင် ထည့်ရိုက်ထားတာပါ ။

ဒီပုံကတော့ ဗိုလ်ချုပ်ဈေးထဲက ဈေးသည်တွေအရောင်းအ၀ယ်လုပ်နေတဲ့ အနေအထားပါ။ အကြောင်းအရာမကောင်းပေမယ့် အသက်ဝင်နေတဲ့ လှုပ်ရှားမှုလေးဖြစ်နေတာကြောင့်ရိုက်လာခဲ့ပါတယ်
ဒီပုံကတော့ ဗိုလ်ချုပ်ဈေးထဲက ဈေးသည်တွေအရောင်းအ၀ယ်လုပ်နေတဲ့ အနေအထားပါ။ အကြောင်းအရာမကောင်းပေမယ့် အသက်ဝင်နေတဲ့ လှုပ်ရှားမှုလေးဖြစ်နေတာကြောင့်ရိုက်လာခဲ့ပါတယ်

ဗိုလ်ချုပ်ဈေးအ၀င်က ပန်းချီကားတွေအေ၇ာင်းဆိုင်ပါ ။ စိတ်ဝင်စားစရာကောင်းတာက ပန်းချီကားတွေရဲ့အရောင်တွေနဲ့ Frame တွေပါပဲ။ Frame တွေက စီစီရီရီ ရှိနေတဲ့ အတွက် တော်တော်လေးစိတ်ဝင်စားစရာကောင်းနေရာကနေ ပန်းချီကားရောင်းတဲ့ အမျိုးသမီးတစ်ယောက်ပါလာတော့ ပုံက ပိုကြည့်ကောင်းသွားပါတယ်။ အဖြုအမဲပြောင်းလိုက်ရင် ပန်းချီကားတွေရဲ့အရောင်တွေပျောက်သွားမှာစိုးလို့ ဒီအတိုင်းပဲထားလိုက်ပါတယ် ။ ဒီပုံရိုက်ရင်းတခုသိလာရတာက ပန်းချီကားတွေကို ဓာတ်ပုံရိုက်တာ ဆိုင်ရှင်တွေက မကြိုက်ကြဘူးပဲ ။ ကျွန်တော်ရိုက်ပြီးချိန်မှာ ဆိုင်ကလူတစ်ယောက်လာပြီး ပန်းချီကားတွေကို ဓာတ်ပုံမရိုက်ဖို့လာပြောပါတယ် ။ ကျွန်တော်လည်း အူကြောင်ကြောင်ပုံစံနဲ့ '' What? '' ဆိုပြီးပြောလိုက်လို့ သူက နိုင်ငံခြားသားထင်ပြီး ပြန်လှည့်ထွက်သွားပါတယ် ။ ဒါကြောင့် Street Photo ထွက်ရိုက်ရင် နိုင်ငံခြားသားပုံစံပေါက်အောင်ဝတ်စားဖို့လည်း လိုပါတယ်

မြို့တွေရဲ့လမ်းတွေ နံရံတွေမှာစာတမ်းတွေ အမှတ်အသားတွေလမ်းညွှန်တွေ ၊ ဆိုင်းဘုတ်တွေရှိနေနိုင်ပါတယ် ။ အဲ့ဒါတွေနဲ့တွဲပီး အကြောင်းအရာတခုခုကိုရိုက်နိုင်ပါတယ် ။ အဲ့ဒီနေ့က အချိန်သိပ်မရလို့ လူတစ်ယောက်လာတာကိုပဲစောင့်ပြီး ရိုက်ပြီးတာနဲ့ ချက်ခြင်းပြန်ထွက်လာခဲ့ပါတယ် ။

ဗိုလ်ချုပ်ဈေး ဈေးတန်းထဲက ဈေးရောင်းတဲ့ ကောင်မလေးတွေနဲ့ ဈေးလာဝယ်တဲ့ ကောင်မလေးတွေ ရဲ့ အမြင်ကိုမြင်တွေ့ရအောင် ရိုက်ထားလိုက်တာပါ
ဗိုလ်ချုပ်ဈေး ဈေးတန်းထဲက ဈေးရောင်းတဲ့ ကောင်မလေးတွေနဲ့ ဈေးလာဝယ်တဲ့ ကောင်မလေးတွေ ရဲ့ အမြင်ကိုမြင်တွေ့ရအောင် ရိုက်ထားလိုက်တာပါ

တံခါးကြား တိုင်ကြားတွေက နေချောင်းကြည့်နေတဲ့ပုံတွေဟာ ဆွဲဆောင်မှုကောင်းတယ်ဆိုတာ ဆရာကြီးတွေရဲ့ ပုံတွေ မြင်ဘူးတာနဲ့ ကျွန်တော်ဘာမှထပ်ရှင်းပြစရာမလိုတော့ဘူးထင်ပါတယ် ။ အဖြူအမဲထက် ကာလာက ပိုကြည့်ကောင်းလို့ ဒီအတိုင်းထားလိုက်ပါတယ်

ဈေးသည်တွေက ဘယ်နေရာမှာမဆိုရှိနိုင်ပါတယ် ။ ဈေးသည်တွေဟာလည်း Street photo ရိုက်လို့ကောင်းတဲ့ လူပုဂ္ဂိုလ်တွေပါပဲ
ဈေးသည်တွေက ဘယ်နေရာမှာမဆိုရှိနိုင်ပါတယ် ။ ဈေးသည်တွေဟာလည်း Street photo ရိုက်လို့ကောင်းတဲ့ လူပုဂ္ဂိုလ်တွေပါပဲ

လမ်းဘေးမှာအိပ်နေတဲ့သူတွေ ၊ ဆိုင်ရှေ့မှာအိပ်နေတဲ့သူတွေကို နေရာတိုင်းမှာ မြင်တွေ့နိုင်ပါတယ် ။ ဈေးသည်တွေရဲ့ အနားယူချိန်ကို ဖော်ပြချင်တဲ့အတွက် ရိုက်ယူထားလိုက်ပါတယ်
လမ်းဘေးမှာအိပ်နေတဲ့သူတွေ ၊ ဆိုင်ရှေ့မှာအိပ်နေတဲ့သူတွေကို နေရာတိုင်းမှာ မြင်တွေ့နိုင်ပါတယ် ။ ဈေးသည်တွေရဲ့ အနားယူချိန်ကို ဖော်ပြချင်တဲ့အတွက် ရိုက်ယူထားလိုက်ပါတယ်

လမ်းဘေးမှာပန်းချီဆွဲနေတဲ့ကလေးမလေးကလည်း ဓာတ်ပုံရိုက်စရာမြင်ကွင်းတခုပါပဲ
လမ်းဘေးမှာပန်းချီဆွဲနေတဲ့ကလေးမလေးကလည်း ဓာတ်ပုံရိုက်စရာမြင်ကွင်းတခုပါပဲ

ဈေးရောင်းမကောင်းလို့လား တခြားအကြောင်းတခုခုကြောင့်လား မသိဘဲ စိတ်ညစ်နေတဲ့ အသွင်အပြင်နဲ့ အဘိုးအိုတစ်ယောက်ကလည်း ထူးခြားနေပါလိမ့်မယ်
ဈေးရောင်းမကောင်းလို့လား တခြားအကြောင်းတခုခုကြောင့်လား မသိဘဲ စိတ်ညစ်နေတဲ့ အသွင်အပြင်နဲ့ အဘိုးအိုတစ်ယောက်ကလည်း ထူးခြားနေပါလိမ့်မယ်

ဓာတ်ပုံရိုက်တာမကြိုက်တဲ့သူတွေလည်းရှိနေနိုင်ပါတယ် ။ ဒါပေမယ့် သူဟန့်တားလိုက်တဲ့အချိန်မတိုင်ခင်နဲ့ ဟန့်တားလိုက်ချိန်မှာ ဓာတ်ပုံရိုက်ပြီးသားဖြစ်နေဖို့လိုပါတယ်။ ပြီးမှ Sorry လို့ပြောပြီး လှည့်ထွက်လာလို့ရတာပဲလေ

ဈေးသည်တွေမှာလည်း သူတို့ရဲ့ ကလေးတွေကို ဈေးရောင်းတဲ့နေရာ တခါတည်းခေါ်လာရပါတယ် ။ ဒီတော့ ကလေးတွေကလည်း သူတို့မိဘတွေနေသလိုပဲ နေရတာပေါ့
ဈေးသည်တွေမှာလည်း သူတို့ရဲ့ ကလေးတွေကို ဈေးရောင်းတဲ့နေရာ တခါတည်းခေါ်လာရပါတယ် ။ ဒီတော့ ကလေးတွေကလည်း သူတို့မိဘတွေနေသလိုပဲ နေရတာပေါ့

ဒေါ်အောင်ဆန်းစုကြည်ပုံ ၊ မြန်မာနိုင်ငံအလံတွေ စတဲ့ တီရှပ်တွေရောင်းနေတဲ့ ဈေးသည်တစ်ယောက်ဟာ မြန်မာတစ်ယောက်အတွက် ဘာမှမထူးဆန်းပေမယ့် နိုင်ငံခြားဓာတ်ပုံဆရာတစ်ယောက်အတွက်ကတော့ ဓာတ်ပုံကောင်းတပုံရစေမယ့် မြင်ကွင်းတခုပါပဲ

လေးထောင့်စပ်စပ်ရှိနေတဲ့ မော်တော်ကားအမိုးတန်းကလည်း ဓာတ်ပုံ Frame တခုပါပဲ ။ ကျွန်တော်တို့တွေ Frame တွေလည်းရှာတတ်ဖို့ အရေးကြီးပါတယ်
လေးထောင့်စပ်စပ်ရှိနေတဲ့ မော်တော်ကားအမိုးတန်းကလည်း ဓာတ်ပုံ Frame တခုပါပဲ ။ ကျွန်တော်တို့တွေ Frame တွေလည်းရှာတတ်ဖို့ အရေးကြီးပါတယ်

ဈေးသည်တွေနဲ့ သူတို့ရဲ့သစ်သီးအေ၇ာင်တွေဟာ ဆွဲဆောင်မှုတခုပါပဲ ။ သူတို့ကို ဓာတ်ပုံရိုက်လို့ကောင်းအောင် အရင်တော့ ပြုံးပြလိုက်ရင်ပိုကောင်းတာပေါ့ ။ ဒါဆို ရင်းနှီးမှုရှိသွားပြီလေ
ဈေးသည်တွေနဲ့ သူတို့ရဲ့သစ်သီးအေ၇ာင်တွေဟာ ဆွဲဆောင်မှုတခုပါပဲ ။ သူတို့ကို ဓာတ်ပုံရိုက်လို့ကောင်းအောင် အရင်တော့ ပြုံးပြလိုက်ရင်ပိုကောင်းတာပေါ့ ။ ဒါဆို ရင်းနှီးမှုရှိသွားပြီလေ

အသွင်အပြင်၊အ၀တ်အစား၊အနေအထိုင်ကွဲပြားမှုတွေကလည်း ဓာတ်ပုံရိုက်စရာမြင်ကွင်းတွေပါပဲ
အသွင်အပြင်၊အ၀တ်အစား၊အနေအထိုင်ကွဲပြားမှုတွေကလည်း ဓာတ်ပုံရိုက်စရာမြင်ကွင်းတွေပါပဲ

ပြုံးပြုံးလေးနဲ့ စတိုင်ပေးတတ်တဲ့သူတွေလည်းရှိအောင် ဓာတ်ပုံမရိုက်ခင် အရင်လှမ်းပြုံးပြထားလိုက်ပေါ့ ။ သူပြန်ပြုံးပြတာဟာ ဓာတ်ပုံရိုက်ဖို့ ခွင့်ပြုချက်ပေးတာနဲ့ အတူတူပါပဲ
ပြုံးပြုံးလေးနဲ့ စတိုင်ပေးတတ်တဲ့သူတွေလည်းရှိအောင် ဓာတ်ပုံမရိုက်ခင် အရင်လှမ်းပြုံးပြထားလိုက်ပေါ့ ။ သူပြန်ပြုံးပြတာဟာ ဓာတ်ပုံရိုက်ဖို့ ခွင့်ပြုချက်ပေးတာနဲ့ အတူတူပါပဲ

အရွယ်တွေရဲ့အလှတွေကလည်း တမျိုးခံစားရစေမှာပါ။ ဓာတ်ပုံမရိုက်ခင် အရင်ဆုံးစကားစမြည်သွားပြောတာတို့ ၊ လှမ်းပြုံးပြတာတို့လုပ်ထားလိုက်ပေါ့။ဒါဆို အေးဆေးပဲပေါ့
အရွယ်တွေရဲ့အလှတွေကလည်း တမျိုးခံစားရစေမှာပါ။ ဓာတ်ပုံမရိုက်ခင် အရင်ဆုံးစကားစမြည်သွားပြောတာတို့ ၊ လှမ်းပြုံးပြတာတို့လုပ်ထားလိုက်ပေါ့။ဒါဆို အေးဆေးပဲပေါ့

အမှတ်မထင်မြင်လိုက်ရတဲ့ အနေအထားတွေမှာလည်း ဇာတ်လမ်းကောင်းကောင်းလေးတွေရှိနေပါတယ်
အမှတ်မထင်မြင်လိုက်ရတဲ့ အနေအထားတွေမှာလည်း ဇာတ်လမ်းကောင်းကောင်းလေးတွေရှိနေပါတယ်

ဓာတ်ပုံရိုက်တာကို မကြိုက်တဲ့ လက်မခံလိုတဲ့သူတွေလည်းရှိနိုင်ပါတယ် ။ ဒီပုံထဲက အကိုကြီးရဲ့ အကြည့်ကိုကြည့်ရင်သိနိုင်ပါတယ် ။ ကိုယ့်ကို ဒီလိုကြည့်နေပြီဆို လစ်ထွက်လာလိုက်ပေါ့ ။ သူလည်း ဘာမှပြောမှာမဟုတ်ပါဘူး ။ ထပ်ရိုက်မိရင် တခုခု ဖြစ်လာနိုင်ပါတယ် ။ သူတပါးရဲ့ လွတ်လပ်ခွင့်ကိုလည်း ကျွန်တော်တို့ ဓာတ်ပုံဆရာတွေ နည်းနည်းနားလည်ပေးဖို့လိုပါလိမ့်မယ်

ကလေးတွေရဲ့ နေထိုင်မှုကလည်း စိတ်ဝင်စားစရာပါပဲ
ကလေးတွေရဲ့ နေထိုင်မှုကလည်း စိတ်ဝင်စားစရာပါပဲ

အပေါ်ကိုမော့်ကြည့်လိုက်ရင်လည်း ဓာတ်ပုံရိုက်စရာလေးတွေရှိနေနိုင်မှာပါ ။ တိုက်ခန်းရဲ့ လေးထောင့်စပ်စပ် Frame က ဓာတ်ပုံကိုဘောင်ကွပ်ပေးပြီးသားဖြစ်သွားတာပေါ့
အပေါ်ကိုမော့်ကြည့်လိုက်ရင်လည်း ဓာတ်ပုံရိုက်စရာလေးတွေရှိနေနိုင်မှာပါ ။ တိုက်ခန်းရဲ့ လေးထောင့်စပ်စပ် Frame က ဓာတ်ပုံကိုဘောင်ကွပ်ပေးပြီးသားဖြစ်သွားတာပေါ့
ဆူးလေဘုရားလမ်းအရောက်မှာ ဒီမြင်ကွင်းလေးကိုမြင်လိုက်ရတယ်။တောင်းရမ်းစားသောက်သူတွေကို နေရာတော်တော်များများမှာမြင်တွေ့နိုင်ပါတယ်။လူတိုင်းဂရုဏာသက်စေမယ့်ပုံမျိုးတွေလူတိုင်းရိုက်နိုင်ပါလိမ့်မယ် ကျွန်တော်လည်း တခြားသူတွေလိုပဲ ဒီအတိုင်းရိုက်ခဲ့ပါတယ်။ ဘာမှမထူးခြားပါဘူး ။သာမာန်ပုံတစ်ပုံပါပဲ ။ ဒါကြောင့်ကျွန်တော် Massage တခုခုထည့်ရိုက်ဖို့ဆုံးဖြတ်လိုက်တယ်။

ဘယ်လိုရိုက်ရင်ကောင်းမလဲစဉ်းစားနေရင်းနဲ့ရှေ့က ကော်ဖီဆိုင်ထဲက သားအမိနှစ်ယောက်ထွက်လာတာကို မြင်လိုက်ရပါတယ်။ ကျွန်တော် နေရာယူလိုက်ပါတယ် ။ ဘယ်လိုရိုက်ရင်ကောင်းမလဲပါ တခါတည်းစဉ်းစားရပါတော့တယ်။ ဆုံးဖြတ်ပြီးတာနဲ့ တခါတည်းရိုက်ချလိုက်ပါတယ်

ရိုက်လို့ရတဲ့ပုံကဒီပုံလေးပါ
ရိုက်လို့ရတဲ့ပုံကဒီပုံလေးပါ

ရထားတဲ့ပုံလေးကို ကွန်ပြုတာမှာထည့်ပြီး အဖြူအမဲပုံပြောင်းလိုက်တဲ့အခါ ကျွန်တော်ပေးချင်တဲ့ Massage နဲ့ပုံတစ်ပုံဖြစ်လာပါပြီ ။ အဲ့ဒီပုံလေးဟာ Myanmar Street Photographers မှာ Picture of the Day(POD),Picture of the week(POW), Picture of the Month(POM) တွေရခဲ့ပါတယ်။

ဒီ Note တခုလုံးဟာ ကျွန်တော့်ရဲ့တနေ့တာ Street Photo ထွက်ရိုက်တဲ့ မှတ်တမ်းတခုပါပဲ ။ ကျွန်တော့်ရဲ့အတွေ့အကြုံကိုမျှဝေပေးချင်လို့ ဒီ Note ကိုရေးလိုက်တာပါ ။ အမှားအယွင်းပါရင်ခွင့်လွှတ်ထောက်ပြပေးပါ။ နောက်လည်း အချိန်ရရင် ဓာတ်ပုံနဲ့ပတ်သတ်တဲ့ Note တွေရေးသွားပါဦးမယ် ။ အချိန်ပေးဖတ်ရှုပေးတဲ့အတွက်လည်း ကျေးဇူးအထူးတင်ပါတယ် ။
မြန်မာ့ဓာတ်ပုံလောကတိုးတတ်ဖွံဖြိုးပါစေ...............................

......................မိုးတွေရွာပြီဆိုရင်...........