Showing posts with label Zaw Min Latt. Show all posts
Showing posts with label Zaw Min Latt. Show all posts

Wednesday, September 25, 2013

#ပြတ်သားသော ဓာတ်ပုံ တစ်ပုံရရန် အချက်(၁၀)ချက်... Credit to Zaw Min Latt

##ပြတ်သားသော ဓာတ်ပုံ တစ်ပုံရရန် အချက်(၁၀)ချက်
#ပုံကောင်း တစ်ပုံရရှိဖိုဆိုတာ ဘယ်လောက် ကြိုးစားသလဲ၊ ဘယ်လောက် ဂဂုစိုက်ပြီးရိုက် ကူးသလဲ၊ ဘယ်လောက် စည်းကမ်းတွေကို လိုက်နာ သလဲဆိုတာ မူတည်ပါတယ်..။ပိုမိုကောင်း မွန်တဲ. ဓာတ်ပုံ တွေရရှိဖို. ရိုးရှင်းတဲ. အချက်လေးတွေကို လေ.လာကြည်.ရအောင်...။။
#1- Shutter Speed မြန်မြန်နဲ. ရိုက်မယ်
ဓာတ်ပုံတပုံရဲ. အသက်က ကြည်လင်ပြတ်သားခြင်း လို.ပြောနေကြတဲ.အချိန်မှာ သင်အကြိုက် ဆုံး ပုံတစ်ပုံမှာ လှုပ်ရှား မှုကြောင်. ၀ါးနေတယ်ဆိုရင် စိတ်ညစ်နေရမှာလား။ လှုပ်ရှား မှုမှာ အရာဝတ္တုရဲ. လှုပ်ရှားမှုနဲ. ကင်မရာကိုင် လက်ရဲ. လှုပ်ရှားမှု နှစ်ခု ကြောင်.၀ါးနိုင်ပါတယ်။ လက်ရဲ. လှုပ်ရှားမှုကိုလျော.ချနိုင်ဖိုဆိုရင် အကြမ်းဖျင်းအားဖြင်. shutter speed က အနည်းဆုံး 1/focal length ရှိဖို.လိုအပ်ပါတယ်။ ဥပမာ focal length 50mmဆိုလျှင် shutter speed 1/50 sec လိုပါတယ်...။ ဒါက full frame ကင်မရာအတွက် ဆိုလိုတာပါ။ အကယ်လို. Crop frame ကင်မရာတွေ အတွက်ဆိုရင် 1/80 secလောက်လိုပါတယ်။ လက်ကိုငြိမ်ငြိမ် ကိုင်မနိုင်ရိုက်ဘူး ဆိုရင် brust mode နဲ.များများရိုက်ပြီး အပြတ်သားဆုံကိုပြန်ရွှေးလို.ရနိုင် ပါတယ်။
ရိုက်လိုတဲ. Subject က လှုပ်ရှားနေတာဆိုရင်တော. အဲဒီလှုပ်ရှားမှုနဲ. ကိုက်ညီအောင် shutter speed ကိုမြင်.တင်ပေးရပါမယ်။ ပျံသန်းနေတဲ. ဌက်တွေရဲ. လှုပ်ရှားမှု တောင်ပံခတ်တာကို အမအရ ရိုက်ချင်တယ်ဆိုရင် 1/500 ကနေ 1/1000 အထိ shutter speed ကိုမြှင်.တင်ပေးရမှာဖြစ်ပါတယ်။
#Tripod ကို အသုံးပြုပါ။
Shutter speed ကိုလည် တင်ဖို. မဖြစ်နိုင်၊ ပုံရိပ်တွေလည်း ပြတ်သားဖိုလိုတယ် ဆိုရင် Tripod လို. ခေါ်တဲ. သုံးချောင်းထောက်ကို အသုံးပြုသင်.ပါတယ်။ ထရိုင်ပေါ. ကကင်မရာကိုတည်ငြိမ်စေ ရုံတင်မက မညီမညာဖြစ်တဲ. မြေပြင်တွေမှာပါ ကင်မရာကို ကိုယ်ကြိုက်တဲ. အနေအထားရအောင် ချိန်ညှိနိုင်ပါတယ်။ကင်မရာအလေးချိန်နဲ. အနေအထားပေါ်လိုက်လို. သင်.လျော်တဲ. ထရိုင်ပေါ. ကိုရွှေးချယ်တတ်ဖိုလိုပါတယ်။
#3- ဆုံချက်ကိုပြတ်သားအောင်ချိန်ပါ။
ဆုံချက် ဒါမှမဟုတ် Focus ကိုပြတ်သားအောင်ချိန်ဖို.နည်းလမ်း၂မျိုါ်ရှိပါတယ်။ အလိုအလျောက် ချိန်ညှိခြင်းနှင်. ကိုယ်တိုင်ချိန်ညှိခြင်းတို.ဖြစ်ပါတယ်။ ကိုယ်တိုင်ချိန်ညှိခြင်း (manual focusing) မှာ ချောင်းကြည်ပေါက်ကနေ ကြည်.ပြီး ချိန်ညှိနိုင်သလို LCDမျက်နှာပြင်ကနေ Live view mode မှာ Zoomဆွဲပြီး ချိန်နိုင်ပါတယ်။ Focus points တွေကို တစ်ပွိုင်.ခြင် ရွှေးချယ်ခြင်း အားဖြင်. ကိုယ်လိုချင်တဲ. subject ကိုအပြတ်သားဆုံးဖြစ်စေသလို Depth of field ကိုလည်း ထိန်းချုပ်နိုင်ပါတယ်။ သက်ရှိတွေကိုရိုက်တဲ. အခါ မျက်လုံးကို အဓိကပြတ်သားအောင် ချိန်ညှိသင်. ပါတယ်။ မျက်လုံးက ပုံရဲ. အားကောင်းဆုံးနေရာဖြစ်ပြီး မျက်လုံးပြတ်သားခြင်းအားဖြင်. ကြည်.ပျော် ဖွယ် ဓာတ်ပုံလေးဖြစ်လာပါတယ်။
#4-မှန်ဘီးလူးကောင်းပါစေ။
မှန်ဘီလူးကောင်းလေ ဓာတ်ပုံကောင်းလေဆိုတဲ. ဆိုရိုးစကားရှိပါတယ်။ Canon Cameras ရဲ. N Lens တွေ၊Nikon ရဲ. N Lens ၊ Zeiss ရဲ. T*Lens တွေက ဓာတ်ဆရာတွေရဲ. အိပ်မက်တွေ ပါ။ kit Lens နဲ. ကျင်.သားရလာပြီးဆိုရင် မှန်ဘီလူးကောင်းကောင်း တစ်လုံးလောက်တော. အဆင်.မြှင်.သင်.ပါတယ်။။ ဈေးကြီးလို.မ၀ယ်ချင်ဘူးလား။ဒါဆိုရင်တော. First Prime Lens လို.ခေါ်တဲ. Aperture ကျယ်ကျယ် ဆုံတာအသေ( fixed focal length) မှန်ဘီးလူးတွေကိုစဉ်းစားသင်.ပါတယ်။ $150 ပတ်ချာလည်လောက်ရှိတဲ. 50mm 1/1.8 လေးနဲ. ရိုက်လို. ထွက်လာတဲ. ပုံရဲ. အရည်အသွေးကို သင်သဘောကျမှာပါ။။
#5-မှန်ဘီလူးကို သန်.ရှင်းအောင်ထားပါ။
ဘယ်လောက်ကောင်းတဲ. မှန်ဘီလူးဖြစ်ပါစေ ညစ်ပတ်နေရင်တော.ပုံကောင်းရမှာ မဟုတ်ပါဘူး။ မရိုက်ခင်နဲ. ရိုက်ပြီးသိမ်းတိုင်းမှာ သန်.ရှင်းရေးကို အမြဲလုပ်သင်.ပါတယ်။ Lens cloth, Lens Paper, Lens Pen တွေကို အမြဲဆောင်ထားသင်.ပါတယ်။ရေစက်ရေပေါက် တွေကလည်း focus ဖြတ်တဲ.အခါ အနှောက်အယှက်ဖြစ်စေပါတယ်။
##6-Image Stabilzation ကို အသုံးပြုပါ
အပေါ်မှာပြောခဲ.သလို ပုံရိပ်ပြတ်သားဖို. အနည်းဆုံး shutter speed က1/focal length ဖြစ်တဲ.အတွက် ၄င်းထက်လျှော.ရိုက်ဖို လိုအပ်တဲ.အခါ ပုံရိပ်တည်ငြိမ်မှုစနစ်(IS) ကိုအသုံးပြုဖို လိုအပ်ပါတယ်...။ပြောင်ပြန်အနေနဲ. ထရိုင်ပေါ်တင်ရိုက်ရင်တော. မလိုလားအပ်တဲ. အာနိသင် တွေဖြစ်မလာအောင် (IS) ကိုပိတ်ထားသင်.ပါတယ်။
#7-ISO အနည်းဆုံး အသုံးပြုပါ။
ISO ကိုကင်မရာမှာ အနည်းဆုံး ပါတဲ. 100-200အတွင်းမှာ ထားရိုက်ခြင်းဖြင်.ပုံရိပ်ရဲ.ပြတ်သားမှုကို ပိုကောင်းစေမှာဖြစ်ပါတယ်။ကင်မရာတစ်လုံနဲ.တစ်လုံး ISO နိုင်နင်းပုံခြင်းမတူပါဘူး။မလိုလားအပ်ဘဲ ISOကိုတင်လိုက်ရင် Noise တွေဝင်လာနိုင်ပါတယ.်။။ ဒီနေရာမှာ တစ်ခုပြောလိုတာက Shutter speed လိုအပ်တဲ. အချိန်မျိုးဆိုရင် ISO ကိုတင်ရိုက်နိုင်ပါတယ်။။Noise တွေပုံနဲ.မပြတ်သားတဲ. ပုံထက်တော. ပိုပြီး အသုံးဝင်ပါတယ်။
#8-မှန်ဘီလူးရဲ. Sweet point ကိုရှာဖွေပါ
မှန်ဘီလူးတိုင်းမှာ အပြတ်သားဆုံး အနေအထားကို aperture တစ်ခုမှာရတတ်ပါတယ်။ မှန်ဘီလူး တစ်လုံးနဲ.တစ်လုံး မတူနိုင်ပေးမဲ. ယေဘုယျ အားဖြင်. F/8 ကနေ F/11 အတွင်းမှာဖြစ်နိုင် ပါတယ်။ ထရိုင်ပေါ.နဲ.ထောက်ပြီး မြင်ကွင်းတစ်ခုတည်းကို F တစ်ခုချင်းဆီ နဲ. ရိုက်ကြည်ပြီး နှိုင်းယှဉ်ကြည်.ပါ။ F ကိုမှတ်ထားပြီး တတ်နိုင်သမျှ ၄င်းနှင်.ရိုက်ပါ။
#9- အလင်းရောင်ကိုအသုံးပြုပါ။
အလင်းရောင်ပိုရလေ ဖိုးကပ်စ် တိတိကျကျ ဖြတ်နိုင်လေ ပုံရိပ်ပြတ်သားဖို. လွယ်ကူလေ ဖြစ် ပါတယ်။နေ. အလင်းရောင် မရနိုင် ဘူးဆိုရင်တောင်မှ နံရံဒါမှမဟုတ် မျက်နှာကြက်ကနေ အလင်းရောင်ပြန်အောင် မီးပေးပြီး ကိယ်ရိုက်ချင်တဲ. Subjectအပ်ါကို သဘာဝကျကျ အလင်း သက်ရောက်စေပြီး ပုံရိပ်ကို ပိုမိုပြတ်သားစေနိုင်ပါတယ်။နေ ဒါမှမဟုတ် အလင်းပင်ရင်းနဲ.မျက်နှာချင်း ဆိုင် ရိုက်ရပြီ ဆိုလျှင်လည်း Subject ကို အလင်းဖြည်.(Fill Light ) ထည်.ဖို.လိုအပ်ပါတယ်။
##10- RAW ဖိုင်ဖြင်.ရိုက်ပါ။
DSLRတွေ Mirrorless တွေရဲ. အားသာချက်ဖြစ်တဲ. RAW နဲ.ရိုက်ကူးနိုင်ခြင်း ကို အပြည်.အ၀ အသုံးချသင်.ပါတယ်။ RAW File တွေမှာ အချက်အလက်များစွာ ပါဝင်တာကြောင်. ပုံကို ထိန်းချူပ် မှု ပိုရတတ်ပါတယ်။အတိမ်းအစောင်းလည်းခံနိုင်ပါတယ်။ အနုစိတ် ပြုပြင်မှုက ပုံကိုလှပစေပေးမဲ. အလွန်အကျွံ ပြင်ရင်တော. မူရင်းအရသာကိုပျက်စီးနိုင် ပါတယ်............။။
မှ---------------လင်းရိပ်(We focus)

Sunday, September 8, 2013

Zaw Min Latt's #Lighting အကြောင်း#

Lignting အလင်းပေးစနစ်ကို Lighting လို.ခေါ်ပါတယ်။ အခြေခံအားဖြင်. lighting-2မျိုး ရှိပါတယ်။ သဘာဝ Natural Lightin အလင်းရောင်နဲ. Studio ခန်းထဲမှာ အလင်းပေးစနစ်ကြောင်. Lighting အလင်းရောင် တွေဘဲဖြစ်ပါတယ်။လုံလောက်တဲ. အလင်းရောင် ရမှသာ ပုံကောင်းတစ်ပုံရရှိနိုင်ပါတယ်။
#Natural Lighting
တကယ်တော. သဘာအလင်းရောင်နဲ. ပုံရိုက်တာက အကောင်းဆုံးဖြစ်ပါတယ်. ဒါပေမဲ. နေရောင် အောက်တည်.တည်. မှာ ပုံရိုက်တာမျိုးကို တော. တတ်နိုင်သမျှရှောင်သင်.ပါတယ်။ ဘာကြောင်. လဲဆိုတော. နေရောင်ဘက်ကို မျက်နှာမူရင် မျက်စိကျိန်းပြီး မျက်လုံးမှေးနေမှာဖြစ်ပါတယ်။ နေရောင် တိုက်ရိုက် ကျရောက်တဲ.အတွက် လူ.ရဲ. အသားအရောင် အမှန်ပေါ်မှာမဟုတ် ဘဲ ပိုပြီး ဖြူဖွေး နေတတ်ပါတယ်။ ၀တ်ဆင်ထားတဲ. အကျီအရာင်က အရောင်.ဖော.ဆိုရင် ဘာအရောင်ပဲ ဖြစ်ဖြစ် ပုံထဲမှာ အဖြူရောင်ကိုဘဲ မြင်တွေ.နေရမှာဖြစ်ပါတယ်.။ အ၀တ်အစားရောင် အမှန်ကို ရမှာမဟုတ်ပါဘူး။ ဒါကြောင်. ဓာတ်ပုံအရိုက်ခံမဲ.လူက နေရောင် ဘက်ကိုကျောပေးပြီးမှသာ ပုံရိုက်သင်.ပါတယ်။ အဲဒီလိုရပ်ရင် ကင်မရာရဲ. Lens မှာ Lens hood cover ကိုတပ်ပြီးရိုက် သင်.ပါတယ်။။ နေရှိရာဘက်ကို ဆန်.ကျင်ပြီး မျက်နှာမူရတဲ. အတွက် Flash မီးကို မသုံးခဲ.ရင် လူရဲ. မျက်နှာ ပိုင်းက Shadow အရိပ်ကျ မည်းမှောင်နေတတ်ပါတယ်။ အဲဒီလိုအခါမျိုးကျရင် Flash မီးအကူ ကိုဖွင်.ပြီးမှသာ ပုံကိုရိုက်သင်.ပါတယ်။နေသာနေတဲ. အချိန် ပုံရိုက်ချင်ရင် အရိပ်ရတဲ. သစ်ပင်အောက်လို. နေရာမျိုး ရှာဖွေပြီး ရိုက်သင်.ပါတယ်.။ အိမ်ခန်းထဲမှာ ဆိုရင် နေအလင်းရောင် များများ ၀င်ရောက်တဲ. ပြတင်းပေါက်နားမှာ ပုံရိုက်တာ(Window Lighting) ကလည်း ပုံကောင်း ကိုရရှိနိုင်စေပါတယ်။ အဲဒီလိုအခါမျိုးမှာ ကင်မရာရဲ. Flash အကူမီးကို မသုံးရင်လည်း ရနိုင်တဲ. အခြေအနေမျိုးပဲ ဖြစ်ပါတယ်.။ တစ်ကယ်လို. နေသာတဲ.အပြင် အောက်ဒိုးမှာ ပုံရိုက်တဲ.အခါ Flash ကို အသုံးပြုဖို.မလိုအပ်ပေမဲ. Reflector ရောင်ပြန်ပြားတွေကို အသုံးပြုပြီး ပုံရိုက်ရင်ပိုကောင်း၏
#Studio Lighting
တကယ်လို.သဘာဝအလင်းရောင် NL မရတဲ.အခါ(အိမ်ခန်းအတွင်း၊Studio အခန်းတွင်း) တွေ မှာ သဘာအလင်းရောင်နဲ.အနီးစပ်ဆုံးတူညီတဲ. Ambient Light အလင်းပေးစနစ်ကို အသုံးပြုနိုင်ပါတယ်။ Ambient Light ရရှိအောင် Flurescent မီးလုံး ဒါမှမဟုတ် Tungsten မီးလုံးတွေနဲ. စဉ်ဆက်မပြတ် Continuous Lighting မီးပေးမှရရှိနိုင်ပါတယ်။ မီးလုံးတွေကို အလင်း ပြန်အားကောင်းတဲ. မီးအုပ်ဆောင်းတွေထဲ ထည်.ပြီး မီးထွန်းပေးရပါတယ်။ အသုံးပြုနိုင်တဲ. မီးအုပ်ဆောင်းတွေ အမျိုးမျိုး ရှိသလို အသုံးပြုတဲ. မီးလုံးတွေကလည်းWatt အလိုက်အမျိုးမျိုး ရှိပါ တယ်။ Cntinous Lighting နဲ. မီးထွန်းတဲ.အခါ တိုက်ရိုက် မီးထွန်းစနစ် ကိုကျင်.သုံးပေးမဲ. ကျရောက်တဲ. အလင်းရောင်ကို ပြေအောင် မီးလုံးနဲ. မီးထိုးမဲ. လူရဲ. အကြားမှာ အလင်း ထွင်းဖောက် နိုင်တဲ. အဖြူရောင် ပိတ်စတွေနဲ. ကြားခံထားလေ.ရှိပါတယ်။ တချို.ကျတော. အဖြူရောင် ထီးဘက်ကို မီးလုံးထိုးပြီး ထီးအဖြူရောင် ပိတ်စကနေ ရောင်ပြန်အနေနဲ. ကျရောက်လာတဲ. အလင်းနဲ.ပုံရိုက်လေ.ရှိပါတယ်။
#Spot Lighting
အလင်းရောင်က နေရာတနေရာတည်းကို တိုက်ရိုက်ကျရောက်နေတာမျိုးကို ဆိုလိုပါတယ်။ ပုံကိုကြည်.သူအနေနဲ. အလင်းတောက်ပတဲ.နေရာကို ဦးစားပေး ကြည်.စေလိုတဲ.အခါမျိုးမှာ Spot Lighting အလင်းပေးနေတဲ.ပုံစံမျိုးကို ဖန်တီးရမှာဖြစ်ပါတယ်။ သဘာဝနေအလင်းရောင်က ရရှိတဲ. Spot Lighting ရှိသလို.၊ အခန်းတွင်း(သို.)Studio အခန်းထဲမှဘြဲ Spot Light မီးတွေကို အသုံးပြုနိုင်ပါတယ်။ အဲဒီလို Spot Lighting အလင်းပေးစနစ်ကို အသုံးပြုပြီး ပုံရိုက်မယ်ဆိုရင် ကင်မရာရဲ. Metering Mode မှာ Spot Metering ဒါမှမဟုတ် Center Weighted Average Metering ကို သတ်မှတ်ရမှာဖြစ်ပါတယ်။။။။
#Back Light
ဓတ်ပုံရိုက် လိုတဲ. Subject ပုံရဲ. နောက်ဘက်ကနေ ကျရောက်နေတဲ. အလင်းရောင်မျိုးကို Back Light လို.ခေါ်ပါတယ်။ သဘာဝနေရောင်ကြောင်. Back Light အလင်းရောင်မျိုးကိုရရှိတတ်သလို Studio အခန်းထဲမှာလည်း Back light အလင်းရောင်မျိုးရရှိအောင် ဖန်တီးနိုင်ပါတယ်။ အလင်းပေါက်နိုင်တဲ. Subject ပုံတွေ ရဲ. အနောက်မှာ Back light အလင်းရောင် ကျရောက်ရင် ပိုမို လှပတဲ. ပုံမျိုး ရနိုင်ပါတယ်။ Back light အလင်းရောင်မျိုး ကျရောက်နေဲ.ပုံတွေကို ပုံရိုက်ရင် အလင်းရောင်ဘက်ရှိရာသို. ကင်မရာ ကို လှည်.ပြီးရိုက်ရပါတယ်။။ အဲဒါကြောင်. ကင်မရာ မှန်ဘီးလူးကို အလင်းနဲ. တိုက်ရိုက် များများ မ၀င်အောင် ကာကွယ် ပေးတဲ. Lens Hood Cover ကို ထပ်ဆင်ပြီး ရိုက်သင်.ပါတယ်...။ဒါမှ တိုက်ရိုက် အလင်းရောင် ကြောင်. ဖြစ်ပေါ်လာတတ်တဲ. မှန်ဘီးလူး မှာ Extreme Flare လို.ခေါ်တဲ. အလွန်အကျွံ မှန်ဘီးလူး စက်ဝိုင်း အကွက် ပုံစံမျိုး တွေပေါ်လာတာမျိုးကို ရှောင်ရှားနိုင်မှာဖြစ်ပါတယ်။ Back light အလင်းရောင်ပုံစံမျိုးနဲ. Portrait လူပုံတွေ၊ရေခဲတုံးပုံစံမျိုးတွေ၊အလင်းပေါက်နိုင်တဲ.အနေအထားရှိတဲ. Subject ပုံတွေကို ဓာတ်ပုံရိုက်သင်.ပါတယ်။
#Side Light
ပြင်ပ အောက်ဒိုးမှာ ဖြစ်ဖြစ်၊Studio အခန်းထဲမှာဘဲဖြစ်ဖြစ် ဓာတ်ပုံရိုက်မဲ. Subject ပုံတွေရဲ. ဘေးဘက် တွေကနေ ကျရောက်တဲ. အလင်းရောင်မျိုးပဲ ဖြစ်ပါတယ်။။သူလည်းပဲ သဘာဝ နေအလင်းရောင်ကြောင်.လည်းရရှိနိုင်သလို.၊Studio အခန်းထဲမှာလဲ အလားတူ Side Light အလင်းရောင်မျိုးကိုဖန်တီးယူနိုင်ပါတယ်။
#Front Light
ဓာတ်ပုံ အရိုက်ခံမဲ. Subject ရဲ. ရှေ.တည်.တည်. ကနေ ကျရောက် နေတဲ. အလင်းမျိုးကို front Light လို.ခေါ်ပါတယ်။ ကင်မရာတွေမှာပါဝင်လေ.ရှိတဲ. Flash မီးက Front Light အလင်းရောင် ပဲ ဖြစ်ပါတယ်။ သဘာဝနေ အလင်းရောင်လည်း ကြောင်. ရရှိနိုင်ပါတယ်။။
#Mood Lighting
တဒင်္ဂမှာဖြစ်ပေါ်လာတဲ. တူညီမှူ မရှိဘဲ စိတ်ဝင်စားဖို.ကောင်းတဲ. အလင်းရောင်မျိုးကိုဆိုလိုပါတယ်။ သဘာနေရောင်ကြောင်.ပဲရတတ်ပါတယ်။သစ်ပင်တွေ အုံ. ဆိုင်း နေတဲ.နေရာ မှာ ရုတ်တရက် နေရောင်ပြင်းပြင်းကျတတ်ပါတယ်။ အဲဒါကလည်း တခဏပဲ ဖြစ်ပါတယ်။ အဲဒီလို အခြေအနေမျိုးမှာရိုက်ယူလိုက်တဲ. ဓာတ်ပုံက အင်မတန် လှပတတ်ပါတယ်။ ပုံကိုကြည်.သူအနေနဲ. လည်း အလွန်ဘဲ စိတ်ဝင်စားစေနိုင်ပါတယ်။ လှိုဏ်ဂူ၊ တောင်ကြားတွေကြားထဲမှာလည်း အဲဒီလို. တဒင်္ဂ အလင်းရောင် တွေ ကျရောက်တတ်ပါတယ်။ တစ်ခါတစ်ရံ မိုးအုံ.နေတဲ. မိုးသားတွေထဲမှာ တိမ်ကင်းစင်တဲ.နရာကြားထဲကနေ နေအလင်းရောင် ဖောက်ထွက် လာတတ်ပါတယ်။ အဲဒီအချိန်မှာ ဖုန်မှုန်.တွေ၊မြူဆိုင်းနေတာတွေ၊မီးခိုးငွေတွေပါလာရင် ပုံက ပိုပြီး အသက်ဝင်လာစေတယ်။ အဲဒီလို တဒင်္ဂပေါ်လာတဲ. အလင်းရောင်ဖြစ်လို. ကင်မရာကို ခပ်မြန်မြန်လေး ဓာတ်ပုံရိုက်ယူရမှာ ဖြစ်ပါတယ်။
သဘာဝနေ အလင်းရောင်ပေါ် မူတည်ပြီး ပုံတွေကို ရိုက်လိုလျှင် နေထွက်ချိန်၊နေ၀င်ချိန် နဲ. ကောင်း ကင် အလှဆုံး အချိန်တွေကို သိထားသင်.ပါတယ်။
(၁)-နေထွက်ချိန်-(၅-၆)နာရီ-
(၂)နံနက်ခင်းနေရောင်ခြည်-(၆-၁၁)နာရီ-အကောင်းဆုံး ဓာတ်ပုံရိုက်ချိန်-(၈-၁၀)နာရီ
(၃)-မွန်းတည်.နေရောင်(Top Light)-(၁၁-၂)နာရီ
(၄)-မွန်းလွဲနေရောင် (၂-၆)နာရီ
(၅)-နေ၀င်ချိန် Sunset-(၆-၆း၃၀)နာရီ-အကောင်းဆုံးပုံရိုက်ချိန်(၅း၄၅)နာရီ
(၆)-နေ၀င်ရီသရော-(၆း၃၀-၇)နာရီ-အကောင်းဆုံးပုံရိုက်ချိန်(၆း၄၅)နာ၇ီ
တစ်ကယ်တော.မိုးကောင်းကင်က အကောင်းဆုံး သဘာဝ နောက်ခံ Back Ground ဖြစ်ပါတယ်။ ပြာနေတဲ ကောင်းကင်မှာမိုးသားကင်းစင်တဲ.မိုးတိမ် တွေကလည်း အကောင်းဆုံးနောက်ခ့ ရှုခင်း ဖြစ်ပါတယ်။ သာမာန်ထန်းပင်တစ်ပင်ကိုတောင် ကောင်းကင်နဲ. နောက်ခံထားလိုက်ရင် တောင် လှပတဲ. ဓာတ်ပုံမျိုးကိုရရှိနိုင်ပါတယ်။
#High Key/Low Key
High key ဆိုတာ အရောင်တောက်ပတာကို ဆိုလိုတာဖြစ်ပြီး Low key ဆိုတာ အရောင်တောက်ပခြင်း မရှိဘဲ မှေးမှိန်ပြီးမှောင်ပြီး မှောင်နေတာကို ဆိုလိုတာဖြစ်ပါတယ်။ ပုံတစ်ပုံမှာ High key နဲ. Low key တွဲလျက်ပါရှိရင်လည်း လှပတဲ. ဓာတ်ပုံကောင်းမျိုး ရရိနိုင်ပါတယ်။
#Bouncing Light
တိုက်ရိုက် အလင်းရောင် မဟုတ်ဘဲ ရောင်ပြန် အလင်းရောင်မျိုးကို Bouncing Light လို.ခေါ် ပါတယ်။ အဲဒီအလင်းရောင်မျိုးကို Reflector လို.ခေါ်တဲ. ရောင်ပြန်ပြားကိုအသုံးပြု မှ ရရှိနိုင်သလို ကင်မရာရဲ. flash ကို မျက်နှာကျက် ပေါ်သို. ထောင်ပြီး တော.လည်း ရရှိနိုင်ပါတယ်။ သူကို လက်တွေ.မှာ အသုံးများပါတယ်။
#Studio Lighting
သဘာဝအလင်းရောင်အတိုင်း Studio အခန်းထဲမှာ ရရှိနိုင်အောင် မီးမျိုးစုံ၊(Angle)ထောင်.မျိုးစုံနဲ. အလင်းပေးထားတာကို Studio Lighting လို.ခေါ်ပါတယ်။။။။။။။။။။။။။။။။
မှ-A.L